ဗဟိုအလုပ်အမှုဆောင်ဦးအောင်တင်မြင့် ရမည်းသင်းမြို့နယ်ဒေသခံတောင်သူများနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့နယ် ရွာတန်းရွာ ဦးမြင့်စိန်-ဒေါ်ဘိုလှတို့၏အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် စပျစ်၊ နဂါးမောက်၊ သံပရာ၊ နှင်းဆီပန်း စိုက်ပျိုးရေးခြံသို့ရောက်ရှိပြီး စပျစ်သီးခူးနေသည့် အမျိုးသမီးလေးများကို အားပေးခဲ့သည်။
ယင်းနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်း၍ ဝင်ငွေ တိုးရေးကိစ္စရပ်များဆွေးနွေးကြရာ တောင်သူဦးသော်တာဝင်းက ရာသီဥတုဒဏ်ကြောင့် သီးနှံအရည် အသွေးနှင့်အထွက်နှုန်းမထိခိုက်စေဘဲ ရာသီဥတုဒဏ်နှင့် ပိုးမွှားရောဂါကျရောက်မှုဒဏ်မှကင်းလွတ်ပြီး အရည်အသွေးကောင်းသည့် သီးနှံများရရှိရေးအတွက် ထိုက်သင့်သည့်ရင်းနှီးကုန်ကျမှုခံ၍Green House စနစ်ကို စိုက်ပျိုးရေးဌာန၏ နည်းပညာပေးမှုအတိုင်း မိမိကနမူနာစံပြဆောင်ရွက်မည်ဖြစ် ကြောင်းနှင့် မိမိအောင်မြင်မှုအပေါ် ဒေသခံများလိုက်ပါဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားခဲ့ ကြောင်းသိရသည်။