ပန်ပစိဖိတ်အိုးပန်း တင်းနစ်ပြိုင်ပွဲတွင် ဝေါ်စနီယာကီ ဗိုလ်စွဲ
ဂျပန်နိုင်ငံ တိုကျိုမှာ မနေ့က ယှဉ်ပြိုင်သွားတဲ့ ပန်ပစိဖိတ်အိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတယောက်ချင်း ဗိုလ်လုပွဲမှာ ကာရိုလိုင်း ဝေါ်စနီယာကီက ပက်လူချင်ကိုဗာကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဒိန်းမတ်သူ ဝေါ်စနီယာကီဟာ ကမ္ဘာ့နံပါတ်တစ်ဟောင်းလည်းဖြစ်ပြီး ဒီနှစ်ထဲ ပြိုင်ပွဲတွေမှာ ၇ ကြိမ်မြောက်အဖြစ် ဗိုလ်လုပွဲကို တက်ရောက်နိုင်တာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် ဒိန်းမတ်သူဟာ ပြင်းထန်တဲ့ စပေးဘော ရိုက်ချက်တွေကနေ ပက်လူချင်ကိုဗာအပေါ် အသာစီးယူနိုင်ခဲ့ပါတယ်။
ပထမပွဲကို ဝေါ်စနီယာကီက ၆ မှတ်ပြတ်နဲ့ အနိုင်ယူသွားပါတယ်။ ဒုတိယပွဲမှာတော့ ပက်လူချင်ကိုဗာရဲ့ တုံ့ပြန်ရိုက်ချက်တွေ ကောင်းတဲ့အတွက် အကြိတ်အနယ် ရှိခဲ့ပါတယ်။
ဒါပေမယ့် ဝေါ်စနီယာကီကပဲ ဒုတိယပွဲကို ၇ – ၅ နဲ့ အနိုင်ယူပြီး ဗိုလ်စွဲသွားပါတယ်။
ပန်ပစိဖိတ်အိုးပန်း ချန်ပီယံဆုဟာ ဝေါ်စနီယာကီအတွက်တော့ ဒီနှစ်ထဲမှာ ပထမဆုံး အနိုင်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။
(DVB)