အီရန်ခေါင်းဆောင်က နျူကလီးယားအရေးနှင့်ပတ်သက်၍ အမေရိကန်အား အချိန်ဖြုန်းနေကြောင်း ပြော

တီဟီရန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံခေါင်းဆောင်က ၂ဝ၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်နှင့်ပတ်သက်၍ အမေရိကန် နိုင်ငံသည် “ အချိန်ဖြုန်းနေ”ကြောင်း ပြောကြားလိုက်သည်ဟု ဒေသတွင်း မီဒီယာက စက်တင်ဘာ ၂ဝ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ကုလသမဂ္ဂတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသော အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီ အား တွေ့ ရစဉ်

(ဆင်ဟွာ)

အီရန်နိုင်ငံသမ္မတဟက်ဆန်ရိုဟာနီက အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့် အစိုးရသည် ၂ဝ၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်အပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် အကယ်၍ အမေရိကန်အစိုးရအနေဖြင့် ယင်းသဘောတူညီချက်အား ပယ်ဖျက်မည်ဆိုပါက အီရန်နိုင်ငံအနေဖြင့် “ ရွေးချယ်စရာ နည်းလမ်းများစွာရှိ” ကြောင်း ပြောကြားခဲ့သည်ဟု IRNA သတင်းက ဆိုသည်။

“ အမေရိကန်အစိုးရဟာ သူတို့ ရဲ့ လုပ်ဆောင်ချက်ကို နိုင်ငံတကာကတိကဝတ်တွေမှာ တရားဝင်အောင် နဲ့  ဥပဒေအရဖြစ်အောင် ကြိုးပမ်း လုပ်ဆောင်နေတာ ၊ ပြောဆိုဆွေးနွေးမှုတစ်ခုဟာ အချိန်ဖြုန်းနေခြင်း သက်သက် ပါပဲ”ဟု ကုလသမဂ္ဂအထွေထွေညီလာခံအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရိုဟာနီက ပြောကြားခဲ့သည်။

နျူကလီးယားသဘောတူညီချက်နှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရမ့်က “ စိတ်အနှောင့်အယှက်ဖြစ်စရာ” ဟု ပြောကြားပြီး တစ်ရက်အကြာတွင် အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရစ်ခ်က တွေ့ ဆုံဆွေးနွေးရေး တံခါးပြန်ဖွင့်ရန် မေးခွန်းထုတ်စရာမရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ ရိုဟာနီက အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် သဘောတူညီချက်ကို “ အတင်းအကြပ်”ဖယ်ရှားမည်ဆိုပါက အီရန်နိုင်ငံအနေဖြင့် ရွေးချယ်စရာနည်းလမ်းများစွာ ရှိကြောင်း ပြောကြားခဲ့သည်။

“ အီရန်က ဘယ်တော့မှ ပိုင်ဆိုင်ဖို့ လုပ်မှာမဟုတ်ပါဘူး။ နျူကလီးယားလက်နက်တွေက အခုလည်း မထုတ်ဘူး။ ဘယ်တော့မှလည်း ထုတ်မှာမဟုတ်ဘူး” ဟုပြောကြားခဲ့သည်။ ယူရေနီယံသတ္တုသန့် စင်ခြင်း အငြင်းပွားမှုနှင့်ပတ်သက်၍ ၄င်းကို အရပ်ဘက်တွင်အသုံးပြုရန်အတွက်ဖြစ်ကြောင်း အီရန်က ပြောကြား ထားသော်လည်း အစ္စရေးဦးဆောင်သော ဝေဖန်သူများကမူ ၄င်းကို နျူကလီးယား လက်နက်များအတွက် ရည်ရွယ်ကြောင်း ပြောကြားထားသည်။

(Xinhua)