ကက်စထရို၏ အရိုးအိုးနှင့်အတူ ဈာပနအခမ်းအနားအား နိုင်ငံပိုင်ရုပ်သံက ပထမဆုံးပြသ

ကွယ်လွန်သူ ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်ကက်စထရို၏ အရိုးအိုးအား ညီဖြစ်သူနှင့် အရိုက်အရာ ဆက်ခံသူ သမ္မတ ရာအူးလ်ကက်စထရို ဦးဆောင် ကျင်းပသည့် ဈာပနာ အခမ်းအနားကို နိုင်ငံပိုင်ရုပ်မြင်သံကြားက ပထမဆုံးအဖြစ် နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်လွှင့်ပြသသည်။

new-picture

ကာကွယ်ရေးဝန်ကြီးဌာနရှိ ခန်းမဆောင်တစ်ခုအတွင်း ထောင့်မှန်စတုဂံပုံ သစ်သားသေတ္တာနက်တွင် ကက်စထရို ၏ အရိုးအိုးကို ထည့်သွင်းထားခြင်းဖြစ်သည်။ ဈာပနအခမ်းအနားတွင် ရာအူးလ်ကက်စထရိုက စစ်ဖက်၊ အရပ်ဖက် ခေါင်းဆောင်များ ခြံရံလျက်ရှိနေသည်။ ဒုတိယသမ္မတဖြစ်သူ မီဂူအယ်ကန်နယ်လည်း တက်ရောက်ခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်က ဖီဒယ်ကက်စထရို သေဆုံးကြောင်း ရာအူးလ်ကက်စထရိုက ကြေညာခဲ့ပြီးနောက် တော်လှန်ရေး စံပြပုဂ္ဂိုလ်၏ အရိုးပြာအား နောက်နေ့တွင် မီးသင်္ဂြိုဟ်မည်ဟု ပြောခဲ့သော်လည်း အရိုးအိုးအား ပြသခဲ့ခြင်း မရှိခဲ့ပေ။

အဆိုပါ အရိုးအိုးထည့်သိုရာ သေတ္တာကို ဖီဒယ်ကက်စထရို၏ ငယ်နုစဉ်အရွယ် အဖြူအမည်းဓာတ်ပုံရှေ့တွင် ထားရှိထားခြင်းဖြစ်သည်။

ဟာဗားနားတွင် ဖီဒယ်ကက်စထရို၏ ဈာပနအခမ်းအနား နှစ်ရက်တာ ကျင်းပပြီးနောက် နိဗ္ဗာန်ယာဉ်တွင် တင်ဆောင်ကာ နိုင်ငံအနှံ့ လေးရက်တာ လှည့်လည်ပြီး ဆန်တီယာဂိုတွင် အဆုံးသတ်ကာ   မြုပ်နှံမည်ဖြစ်သည်။

#Mizzima


Leave a Reply