ခ႐ိုင္အဆင့္ ရွာ ေဖြ ကယ္ဆယ္ေရးသင္တန္းဖြင့္ ပြဲသို႔ ပါတီအ ေထြ ေထြအတြင္းေရးမႉး ဦးေသာင္းေအး တက္ေရာက္

ခ႐ိုင္အဆင့္ရွာေဖြကယ္ဆယ္ေရးသင္တန္းဖြင့္ပြဲသို႔ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တက္ေရာက္
===========================
ေပ်ာ္ဘြယ္ ၾသဂုတ္ ၁၈

ျပည္ထဲေရးဝန္ႀကီးဌာန၊မီးသတ္ဦးစီးဌာန၊ မႏၲေလးတိုင္းေဒသႀကီး၊ရမည္းသင္းခ႐ိုင္ မီးသတ္ဦးစီးဌာနမွဖြင့္လွစ္ေသာခ႐ိုင္အဆင့္ ရွာေဖြကယ္ဆယ္ေရးသင္တန္း(၁/၂၀၂၆)ကို ယေန႔ၾသဂုတ္လ (၁၈)ရက္ေန႔၊နံနက္(၁၀:၀၀)နာရီတြင္ေပ်ာ္ဘြယ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနခန္းမ၌ဖြင့္လွစ္ရာျပည္ခိုင္ၿဖိဳးပါတီ၊ အေထြေထြအတြင္းေရးမႉး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးတက္ေရာက္ခဲ့ပါသည္။

ဖြင့္ပြဲအခမ္းနားတြင္ ပါတီအေထြေထြအတြင္းေရးမႉးဦးေသာင္းေအးမွ ႏိုင္ငံေတာ္အေနႏွင့္အတိတ္ကလည္း
ကိုယ့္ႏိုင္ငံ၊ကိုယ့္လူမ်ိဳးဖြံၿဖိဳးတိုးတက္ေအာင္ တာဝန္ရွိသူအဆင့္ဆင့္မ်ားမွအမ်ိဳးမ်ိဳးႀကိဳးစားခဲ့ၾကေၾကာင္း၊ေျပာင္းလဲလာေသာေခတ္၊စနစ္၊အေျခအေနေတြအေပၚမူတည္ၿပီးတိုးတက္လိုက္၊ရပ္တန္႔လိုက္၊က်ဆင္းလိုက္ႀကဳံေနရသည္မွာလည္းသဘာဝတရားပင္ျဖစ္ေၾကာင္း၊ အေျခအေနေကာင္းေတြပိုင္ဆိုင္ထားၿပီး
ဖြံၿဖိဳးတိုးတက္ေအာင္ျမင္ေနေပမယ့္လည္း မလြန္ဆန္ႏိုင္သည့္အေၾကာင္းတရားက သဘာဝေဘးအႏၲရာယ္ေတြျဖစ္ေၾကာင္း၊ ကမာၻေပၚတြင္သဘာဝေဘးအႏၲရာယ္ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈေတြအမ်ားႀကီးျဖစ္ေနေၾကာင္း ရင္ဆိုင္ေက်ာ္လႊားႏိုင္ဖို႔ၿမိဳ႕တစ္ၿမိဳ႕၊႐ြာတစ္႐ြာ၊ ႏိုင္ငံတစ္ခုကေနကမာၻတစ္ခုလုံးႀကိဳးစားရမည္ျဖစ္ေၾကာင္းယခုလိုအဖြင့္အမွာစကားေျပာၾကားရၿပီးဌာနာဆိုင္ရာအႀကီးအကဲအစုံအလင္ႏွင့္၊သင္တန္းတက္ေရာက္လာသူမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံရသျဖစ္ဝမ္းသာမိပါေၾကာင္း အဖြင့္အမွာစကားေျပာၾကားခဲ့ပါသည္။

၎ေနာက္ သက္ဆိုင္ရာဌာနတာဝန္ရွိသူမ်ားက သင္တန္းဖြင့္လွစ္ရျခင္းရည္႐ြယ္ခ်က္၊ ရည္မွန္းခ်က္မ်ားကိုရွင္းလင္းေျပာၾကားခဲ့ၾကၿပီး သင္တန္းေအာင္ျမင္စြာဖြင့္လွစ္ႏိုင္ေရးအတြက္ ပံ့ပိုးကူညီေပးခဲ့ၾကသူမ်ားအားေက်းဇူးတင္ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ားေပးအပ္ခဲ့ပါသည္။


ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တက်ရောက်
===========================
ပျော်ဘွယ် သြဂုတ် ၁၈

ပြည်ထဲရေးဝန်ကြီးဌာန၊မီးသတ်ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင် မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သောခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၆)ကို ယနေ့သြဂုတ်လ (၁၈)ရက်နေ့၊နံနက်(၁၀:၀၀)နာရီတွင်ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနခန်းမ၌ဖွင့်လှစ်ရာပြည်ခိုင်ဖြိုးပါတီ၊ အထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးတက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းနားတွင် ပါတီအထွေထွေအတွင်းရေးမှူးဦးသောင်းအေးမှ နိုင်ငံတော်အနေနှင့်အတိတ်ကလည်း
ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးဖွံဖြိုးတိုးတက်အောင် တာဝန်ရှိသူအဆင့်ဆင့်များမှအမျိုးမျိုးကြိုးစားခဲ့ကြကြောင်း၊ပြောင်းလဲလာသောခေတ်၊စနစ်၊အခြေအနေတွေအပေါ်မူတည်ပြီးတိုးတက်လိုက်၊ရပ်တန့်လိုက်၊ကျဆင်းလိုက်ကြုံနေရသည်မှာလည်းသဘာဝတရားပင်ဖြစ်ကြောင်း၊ အခြေအနေကောင်းတွေပိုင်ဆိုင်ထားပြီး
ဖွံဖြိုးတိုးတက်အောင်မြင်နေပေမယ့်လည်း မလွန်ဆန်နိုင်သည့်အကြောင်းတရားက သဘာဝဘေးအန္တရာယ်တွေဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင်သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေအများကြီးဖြစ်နေကြောင်း ရင်ဆိုင်ကျော်လွှားနိုင်ဖို့မြို့တစ်မြို့၊ရွာတစ်ရွာ၊ နိုင်ငံတစ်ခုကနေကမ္ဘာတစ်ခုလုံးကြိုးစားရမည်ဖြစ်ကြောင်းယခုလိုအဖွင့်အမှာစကားပြောကြားရပြီးဌာနာဆိုင်ရာအကြီးအကဲအစုံအလင်နှင့်၊သင်တန်းတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံရသဖြစ်ဝမ်းသာမိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

၎င်းနောက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ ရည်မှန်းချက်များကိုရှင်းလင်းပြောကြားခဲ့ကြပြီး သင်တန်းအောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသူများအားကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။