
==========================
ရန်ကုန် ဩဂုတ် ၁၅




ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဖိတ်ကြားမှုဖြင့် ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ H.E VOLHA CHAMADANAVA ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ပါတီမှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်နှုတ်ဆက်
==========================
ရန်ကုန် ဩဂုတ် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ဖိတ်ကြားမှုဖြင့် ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ H.E VOLHA CHAMADANAVA ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး မှ ဧရာဝတီတိုင်းဒေသကြီးသို့ ထွက်ခွာရာတွင်ရန်ကုန်တိုင်းဒေသကြီးပါတီမှတာဝန်ရှိသူများက ပန်တိုင်ဂိတ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြပါသည်။

အဆိုပါ Belaya Rus ပါတီဥက္ကဌနှင့်ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေတ္တ ဥက္ကဋ္ဌ ဦးနေဝင်း နှင့်အတူ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်း၊ တိုင်းပါတီဘဏ္ဍာရေးရေးမှူး ဒေါ်အေးမင်းမိုး တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ဦးအောင်မျိုးနိုင်၊ ဦးမျိုးမင်းနိုင် နှင့် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်ဥက္ကဌဦးကြည်စိုးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။