ထိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္တို႔ ရွားရွားပါးပါးေတြ႕ဆုံၿပီး နယ္စပ္တင္းမာမႈမ်ားေလွ်ာ့ခ်ရန္ ေဆြးေႏြး

ထိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္တို႔ ရွားရွားပါးပါးေတြ႕ဆုံၿပီး နယ္စပ္တင္းမာမႈမ်ားေလွ်ာ့ခ်ရန္ ေဆြးေႏြး
=====================================
ထိုင္းႏိုင္ငံႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔မွ ဝန္ႀကီးခ်ဳပ္တို႔သည္ ဖိလစ္ပိုင္ႏိုင္ငံ၌ ေမလ ၇ ရက္တြင္ က်င္းပသည့္ အာဆီယံအစည္းအေဝး၌ ရွားရွားပါးပါးေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံနယ္စပ္တင္းမာမႈမ်ား ေလွ်ာ့ခ်ရန္ႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ေရွ႕ဆက္ေဆာင္႐ြက္ရန္ ေဆြးေႏြးေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္တြင္ျဖစ္ပြားေသာ နယ္စပ္ပဋိပကၡမ်ားေၾကာင့္ ႏွစ္ဖက္စလုံးတြင္ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ထိပ္သီး ေခါင္းေဆာင္မ်ား၏ ေတြ႕ဆုံမႈေပၚေပါက္လာျခင္း ျဖစ္သည္။
အိမ္နီးခ်င္းႏိုင္ငံမ်ားၾကား ပဋိပကၡျဖစ္ပြားျခင္းသည္ ႏွစ္ဖက္စလုံးအတြက္ ဆုံးရႈံးမႈမ်ားသာျဖစ္ေပၚေစေၾကာင္းႏွင့္ ေနာင္တြင္ ယခုကဲ့သို႔တင္းမာမႈမ်ား ထပ္မံမျဖစ္ပြားေစရန္ နားလည္မႈတည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ကေျပာသည္။
ထို႔ျပင္ အဆိုပါ နယ္စပ္ပဋိပကၡမ်ားတြင္ ေဒသခံအမ်ားအျပား အိုးအိမ္စြန႔္ခြာထြက္ေျပးခဲ့ရသည့္အတြက္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ပတ္သက္၍လည္း ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားက ထည့္သြင္းေဆြးေႏြးသည္။
ယခုေတြ႕ဆုံမႈသည္ ႏွစ္ႏိုင္ငံၾကားပ်က္ျပားေနေသာဆက္ဆံေရးကို ျပန္လည္ကုစားရန္ႏွင့္ နယ္စပ္ေဒသမ်ားတြင္ တပ္ျဖန႔္ထားမႈမ်ားကို ေလွ်ာ့ခ်ႏိုင္ရန္တို႔အတြက္ အေရးပါေသာ ေျခလွမ္းတစ္ရပ္ျဖစ္လာသည့္အျပင္ နယ္စပ္လုံၿခဳံေရးကို ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ရန္ ေခါင္းေဆာင္မ်ားက ကတိျပဳေၾကာင္း သိရသည္။
Ref: ST
ထိုင်းဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ ရှားရှားပါးပါးတွေ့ဆုံပြီး နယ်စပ်တင်းမာမှုများလျှော့ချရန် ဆွေးနွေး
=====================================
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဝန်ကြီးချုပ်တို့သည် ဖိလစ်ပိုင်နိုင်ငံ၌ မေလ ၇ ရက်တွင် ကျင်းပသည့် အာဆီယံအစည်းအဝေး၌ ရှားရှားပါးပါးတွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်တင်းမာမှုများ လျှော့ချရန်နှင့် ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရန် ဆွေးနွေးကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင်ဖြစ်ပွားသော နယ်စပ်ပဋိပက္ခများကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် ယခုကဲ့သို့ ထိပ်သီး ခေါင်းဆောင်များ၏ တွေ့ဆုံမှုပေါ်ပေါက်လာခြင်း ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများကြား ပဋိပက္ခဖြစ်ပွားခြင်းသည် နှစ်ဖက်စလုံးအတွက် ဆုံးရှုံးမှုများသာဖြစ်ပေါ်စေကြောင်းနှင့် နောင်တွင် ယခုကဲ့သို့တင်းမာမှုများ ထပ်မံမဖြစ်ပွားစေရန် နားလည်မှုတည်ဆောက်သွားမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ကပြောသည်။
ထို့ပြင် အဆိုပါ နယ်စပ်ပဋိပက္ခများတွင် ဒေသခံအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည့်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံခေါင်းဆောင်များက ထည့်သွင်းဆွေးနွေးသည်။
ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံကြားပျက်ပြားနေသောဆက်ဆံရေးကို ပြန်လည်ကုစားရန်နှင့် နယ်စပ်ဒေသများတွင် တပ်ဖြန့်ထားမှုများကို လျှော့ချနိုင်ရန်တို့အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်လာသည့်အပြင် နယ်စပ်လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ခေါင်းဆောင်များက ကတိပြုကြောင်း သိရသည်။
Ref: ST




