ကရင္ျပည္နယ္ျပည္ခိုင္ၿဖိဳးပါတီ ႏွစ္သစ္ကူးပရိတ္တရားနာယူပြဲ က်င္းပ

ကရင္ျပည္နယ္ျပည္ခိုင္ၿဖိဳးပါတီ ႏွစ္သစ္ကူးပရိတ္တရားနာယူပြဲ က်င္းပ
=======================
(ဘားအံ) ဧၿပီ ၂၁
ကရင္ျပည္နယ္ရွိ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ႐ုံး၌ ႏွစ္သစ္ကူးပရိတ္တရားေတာ္ နာယူပြဲအခမ္းအနားကို ဧၿပီ ၁၉ ရက္ ညေန ၃ နာရီ ၃၀ မိနစ္တြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အခမ္းအနားတြင္ ၿမိဳ႕နယ္သံဃာနာယကဥကၠဌ၊ ခြဲကေဘာင္ပညာ့ဥယ်ာဥ္ေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၲနာဂဝံသ အမႉးျပဳေသာ သံဃာေတာ္ ၅ ပါးမွ ႏွစ္သစ္ကူးပရိတ္တရားေတာ္မ်ား ခ်ီးျမႇင့္ခဲ့ၾကသည္။
ထို႔ျပင္ အခမ္းအနားသို႔ ျပည္နယ္ပါတီအတြင္းေရးမႉး ဦးစန္းကို၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာဝင္းထိန္၊ ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠဌ ဦးေအးမင္းေထြး၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာေဇာ္ဝင္းႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးေစာမ်ိဳးျမင့္၊ ဦးစယဥ္ေဌး၊ ဦးတင္ေမာင္လႈိင္၊ ဦးမ်ိဳးျမင့္ႏိုင္တို႔အပါအဝင္ ျပည္နယ္၊ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္အဆင့္ ပါတီေကာ္မတီဝင္မ်ားႏွင့္ ပါတီဝင္မ်ား စုစုေပါင္း ၆၅ ဦးခန႔္ တက္ေရာက္ခဲ့ၾကသည္။ အခမ္းအနားကို ညေန ၄ နာရီ ၃၀ မိနစ္တြင္ ၿပီးဆုံးခဲ့ေၾကာင္း သိရသည္။
ကရင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ နှစ်သစ်ကူးပရိတ်တရားနာယူပွဲ ကျင်းပ
=======================
(ဘားအံ) ဧပြီ ၂၁
ကရင်ပြည်နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ နှစ်သစ်ကူးပရိတ်တရားတော် နာယူပွဲအခမ်းအနားကို ဧပြီ ၁၉ ရက် ညနေ ၃ နာရီ ၃၀ မိနစ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်သံဃာနာယကဥက္ကဌ၊ ခွဲကဘောင်ပညာ့ဥယျာဉ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂဝံသ အမှူးပြုသော သံဃာတော် ၅ ပါးမှ နှစ်သစ်ကူးပရိတ်တရားတော်များ ချီးမြှင့်ခဲ့ကြသည်။
ထို့ပြင် အခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကို၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးအေးမင်းထွေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောဇော်ဝင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် ဦးစောမျိုးမြင့်၊ ဦးစယဉ်ဌေး၊ ဦးတင်မောင်လှိုင်၊ ဦးမျိုးမြင့်နိုင်တို့အပါအဝင် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်း ၆၅ ဦးခန့် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။




