ေႏြစပါးေတာင္သူမ်ားအတြက္ ဓာတ္ေျမဩဇာမ်ား ေဈးႏႈန္းသက္သာစြာျဖင့္ တိုက္႐ိုက္ျဖန႔္ျဖဴးေရာင္းခ်

ေႏြစပါးေတာင္သူမ်ားအတြက္ ဓာတ္ေျမဩဇာမ်ား ေဈးႏႈန္းသက္သာစြာျဖင့္ တိုက္႐ိုက္ျဖန႔္ျဖဴးေရာင္းခ်
==========================
ဧၿပီ ၂၀
၂၀၂၆ ခုႏွစ္ ေႏြစပါးစိုက္ပ်ိဳးလ်က္ရွိေသာ ေတာင္သူမ်ားအတြက္ သြင္းအားစုဓာတ္ေျမဩဇာမ်ားကို အရည္အေသြးမွန္ကန္စြာ အသုံးျပဳႏိုင္ေစရန္ႏွင့္ ေဈးႏႈန္းသက္သာစြာျဖင့္ အလြယ္တကူ ဝယ္ယူရရွိႏိုင္ေရးအတြက္ သက္ဆိုင္ရာဌာနမ်ားမွ စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
၂၀၂၅-၂၀၂၆ ခုႏွစ္ ေႏြစပါးစိုက္ပ်ိဳးရာသီအတြက္ ထြန္ယက္စိုက္ပ်ိဳးရန္ က်န္ရွိေနသည့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ေက်း႐ြာမ်ားသို႔ ပုလဲဓာတ္ေျမဩဇာမ်ားကို တစ္အိတ္လွ်င္ ေငြက်ပ္ တစ္သိန္းငါးရာႏႈန္းျဖင့္ လက္ငင္းေငြေခ်စနစ္ျဖင့္ လုပ္ငန္းခြင္အေရာက္ တိုက္႐ိုက္ျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိသည္။
ယင္းအေရာင္းအဝယ္အစီအစဥ္ကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ လယ္ေဝးၿမိဳ႕နယ္ ခရမ္းကိုင္းေက်း႐ြာရွိ စိုက္ပ်ိဳးေရးနည္းပညာေပးစင္တာ၌ က်င္းပခဲ့ၿပီး ေႏြစပါးစိုက္ေတာင္သူမ်ား ဓာတ္ေျမဩဇာ ဝယ္ယူေနမႈမ်ားကို ျပည္ေထာင္စုဝန္ႀကီးႏွင့္ ေနျပည္ေတာ္ေကာင္စီအဖြဲ႕ဝင္တို႔က လာေရာက္ၾကည့္ရႈအားေပးကာ အားေပးစကားမ်ား ေျပာၾကားခဲ့ၾကသည္။
ထို႔ေနာက္ သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးေဇာ္သိမ္းက ေတာင္သူမ်ားအတြက္ လိုအပ္သည့္ ဓာတ္ေျမဩဇာမ်ားကို အခ်ိန္မီ လက္ဝယ္ေရာက္ရွိေစေရး ဆက္လက္စီမံေဆာင္႐ြက္သြားမည့္ အေျခအေနမ်ားႏွင့္ ေတာင္သူမ်ား၏ ဝင္ေငြတိုးပြားေရး၊ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ဝန္ႀကီးဌာန၏ ေဆာင္႐ြက္ခ်က္မ်ားကို ရွင္းလင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ေတာင္သူမ်ား၏ စိုက္ပ်ိဳးေရ အခ်ိန္မီရရွိေရးႏွင့္ စိုက္ပ်ိဳးထုတ္လုပ္မႈဆိုင္ရာ တင္ျပခ်က္မ်ားအေပၚ ျပည္ေထာင္စုဝန္ႀကီးႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ညႇိႏႈိင္းေပါင္းစပ္ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ျမန္မာ့ဩဘာ ေကာမက္ G-46 ပုလဲဓာတ္ေျမဩဇာကို တစ္အိတ္လွ်င္ ေငြက်ပ္ တစ္သိန္းငါးရာႏႈန္းျဖင့္ စိုက္ဧကအလိုက္ လိုအပ္ခ်က္အေပၚမူတည္ကာ ေရာင္းခ်ေပးလ်က္ရွိမႈကိုလည္း ၾကည့္ရႈအားေပးခဲ့ၾကသည္။
ယေန႔တြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ေက်း႐ြာ (၆) ႐ြာတြင္ ဓာတ္ေျမဩဇာမ်ား ေရာင္းခ်ေပးလ်က္ရွိၿပီး လက္ရွိစိုက္ပ်ိဳးလ်က္ရွိေသာ ေႏြစပါးစိုက္ဧကမ်ားအနက္ ထြန္ယက္စိုက္ပ်ိဳးရန္ က်န္ရွိသည့္ဧရိယာ၏ ဓာတ္ေျမဩဇာလိုအပ္ခ်က္ ၃၀ ရာခိုင္ႏႈန္းကို ပထမအသုတ္အျဖစ္ ျဖည့္ဆည္းေပးလ်က္ရွိေၾကာင္း သိရသည္။
က်န္ရွိသည့္ ဧရိယာမ်ားအတြက္လည္း အသုံးျပဳရမည့္ကာလအမီ ႏွစ္ႀကိမ္ခြဲ၍ ဆက္လက္ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး ေတာင္သူမ်ား၏ လိုအပ္ခ်က္မ်ားကို ရာႏႈန္းျပည့္ ျဖည့္ဆည္းေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
နွေစပါးတောင်သူများအတွက် ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချ
==========================
ဧပြီ ၂၀
၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးလျက်ရှိသော တောင်သူများအတွက် သွင်းအားစုဓာတ်မြေဩဇာများကို အရည်အသွေးမှန်ကန်စွာ အသုံးပြုနိုင်စေရန်နှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီအတွက် ထွန်ယက်စိုက်ပျိုးရန် ကျန်ရှိနေသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ ပုလဲဓာတ်မြေဩဇာများကို တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းငါးရာနှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ယင်းအရောင်းအဝယ်အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပေးစင်တာ၌ ကျင်းပခဲ့ပြီး နွေစပါးစိုက်တောင်သူများ ဓာတ်မြေဩဇာ ဝယ်ယူနေမှုများကို ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့က လာရောက်ကြည့်ရှုအားပေးကာ အားပေးစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တောင်သူများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများကို အချိန်မီ လက်ဝယ်ရောက်ရှိစေရေး ဆက်လက်စီမံဆောင်ရွက်သွားမည့် အခြေအနေများနှင့် တောင်သူများ၏ ဝင်ငွေတိုးပွားရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် တောင်သူများ၏ စိုက်ပျိုးရေ အချိန်မီရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြန်မာ့ဩဘာ ကောမက် G-46 ပုလဲဓာတ်မြေဩဇာကို တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းငါးရာနှုန်းဖြင့် စိုက်ဧကအလိုက် လိုအပ်ချက်အပေါ်မူတည်ကာ ရောင်းချပေးလျက်ရှိမှုကိုလည်း ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာ (၆) ရွာတွင် ဓာတ်မြေဩဇာများ ရောင်းချပေးလျက်ရှိပြီး လက်ရှိစိုက်ပျိုးလျက်ရှိသော နွေစပါးစိုက်ဧကများအနက် ထွန်ယက်စိုက်ပျိုးရန် ကျန်ရှိသည့်ဧရိယာ၏ ဓာတ်မြေဩဇာလိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ပထမအသုတ်အဖြစ် ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။
ကျန်ရှိသည့် ဧရိယာများအတွက်လည်း အသုံးပြုရမည့်ကာလအမီ နှစ်ကြိမ်ခွဲ၍ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပြီး တောင်သူများ၏ လိုအပ်ချက်များကို ရာနှုန်းပြည့် ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



