မန္ယူ Fans ေတြကေတာ့ ဂုဏ္ဆာႏိုင္ေတာ့မွာပါ။ ဘာလို႔လဲဆိုေတာ့ မန္ယူဟာ ယူေက မွာ အႀကီးမားဆုံး ေဘာလုံးကြင္းအသစ္ကို Old Trafford အနားမွာ တည္ေဆာက္ေတာ့မွာ ျဖစ္ပါတယ္။ စလာလင္ေပါင္ ၂ ဘီလီယမ္ အကုန္အက်ခံၿပီး လူ ၁၀၀,၀၀၀ ေတာင္ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။
ထူးျခားတာက စြမ္းအင္ သုံးစြဲမႈ ေလွ်ာ့ခ်ႏိုင္ေအာင္ ထီးလို ေခါင္မိုး တစ္ခု ပါလာမွာ ျဖစ္ၿပီး ေခါင္မိုးေပၚမွာ Solar Panel ေတြ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ ေဘာလုံးကြင္း ဒီဇိုင္းကို Foster+Partners က ဆြဲေပးမွာ ျဖစ္ပါတယ္။ ၅ ႏွစ္အတြင္း ေဘာလုံးကြင္း အသစ္ကိုၿပီးစီးေအာင္ တည္ေဆာက္မွာ ျဖစ္ပါတယ္။
ေဘာလုံးကြင္းမွာ ၂၅ မိုင္ အကြာအေဝးက ေတြ႕ျမင္ႏိုင္တဲ့ အျမင့္ ၂၀၀ မီတာ ရွိတဲ့ တာဝါ ၃ ခု တည္ေဆာက္ထားမွာ ျဖစ္ပါတယ္။ လာၾကည့္တဲ့ ပရိတ္သတ္ေတြအတြက္ သယ္ယူပို႔ေဆာင္ေရး စနစ္နဲ႔ ႀကီးမားတဲ့ ေဈးဝယ္စင္တာ တစ္ခု တည္ေဆာက္ထားမွာပါ။
ေဘာလုံးကြင္း အသစ္ၿပီးစီးသြားရင္ အဲဒီမွာ ကစားၾကမွာ ျဖစ္ပါတယ္။ ေဘာလုံးကြင္းၿပီးစီးသြားရင္ ယူေက စီးပြားေရးအတြက္ စတာလင္ေပါင္ ၇.၃ ဘီလီယမ္ ရရွိေစမွာ ျဖစ္ပါတယ္။
Ref : Theverge #DigitalTimes
မန်ယူ က Solar Panel ခေါင်မိုး ပါတဲ့ ယူကေရဲ့ အကြီးမားဆုံး ဘောလုံးကွင်း အသစ် တည်ဆောက်မည်
==========================================================
မန်ယူ Fans တွေကတော့ ဂုဏ်ဆာနိုင်တော့မှာပါ။ ဘာလို့လဲဆိုတော့ မန်ယူဟာ ယူကေ မှာ အကြီးမားဆုံး ဘောလုံးကွင်းအသစ်ကို Old Trafford အနားမှာ တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ စလာလင်ပေါင် ၂ ဘီလီယမ် အကုန်အကျခံပြီး လူ ၁၀၀,၀၀၀ တောင် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ထူးခြားတာက စွမ်းအင် သုံးစွဲမှု လျှော့ချနိုင်အောင် ထီးလို ခေါင်မိုး တစ်ခု ပါလာမှာ ဖြစ်ပြီး ခေါင်မိုးပေါ်မှာ Solar Panel တွေ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဘောလုံးကွင်း ဒီဇိုင်းကို Foster+Partners က ဆွဲပေးမှာ ဖြစ်ပါတယ်။ ၅ နှစ်အတွင်း ဘောလုံးကွင်း အသစ်ကိုပြီးစီးအောင် တည်ဆောက်မှာ ဖြစ်ပါတယ်။
ဘောလုံးကွင်းမှာ ၂၅ မိုင် အကွာအဝေးက တွေ့မြင်နိုင်တဲ့ အမြင့် ၂၀၀ မီတာ ရှိတဲ့ တာဝါ ၃ ခု တည်ဆောက်ထားမှာ ဖြစ်ပါတယ်။ လာကြည့်တဲ့ ပရိတ်သတ်တွေအတွက် သယ်ယူပို့ဆောင်ရေး စနစ်နဲ့ ကြီးမားတဲ့ ဈေးဝယ်စင်တာ တစ်ခု တည်ဆောက်ထားမှာပါ။
ဘောလုံးကွင်း အသစ်ပြီးစီးသွားရင် အဲဒီမှာ ကစားကြမှာ ဖြစ်ပါတယ်။ ဘောလုံးကွင်းပြီးစီးသွားရင် ယူကေ စီးပွားရေးအတွက် စတာလင်ပေါင် ၇.၃ ဘီလီယမ် ရရှိစေမှာ ဖြစ်ပါတယ်။
Ref : Theverge #DigitalTimes