ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္ သတၱမအႀကိမ္ေျမာက္ မိသားစု စုေပါင္းမဟာဘုံကထိန္ အလွူေတာ္မဂၤလာအခမ္းအနားက်င္းပျပဳလုပ္

နိုဝင္ဘာလ ၈၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္ မိသားစုမ်ား၏ သတၱမအႀကိမ္ေျမာက္ စုေပါင္းမဟာဘုံကထိန္အလွူေတာ္ မဂၤလာအခမ္းအနားကို ၂၀၂၄ ခုႏွစ္၊ နိုဝင္ဘာလ ၈ ရက္ေန႔၊ နံနက္ပိုင္းတြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ဇနီး၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္းႏွင့္ဇနီး၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမွူး ဦးေသာင္းေအးႏွင့္ဇနီး၊ တြဲဖက္အေထြေထြအတြင္းေရးမွူး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမွူးမ်ားႏွင့္ဇနီးမ်ား၊ ဗဟိုအလုပ္အမွုေဆာင္မ်ားႏွင့္ဇနီးမ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ေစတနာရွင္အလွူရွင္မ်ား၊ ျပည္ေထာင္စုနယ္ေျမမွ ပါတီတာဝန္ရွိသူမ်ာ၊ ဖိတ္ၾကားထားေသာ အဖြဲ႕အစည္းမ်ားမွ တာဝန္ရွိသူမ်ား၊ ပါတီဌာနခ်ဳပ္မွ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား စုစုေပါင္း(၅၀၀)ေက်ာ္ တက္ေရာက္ခဲ့ၾကပါသည္။
အခမ္းအနားကို နေမာတႆ (၃)ႀကိမ္ရြတ္ဆိုဘုရားကန္ေတာ့၍ အခမ္းအနားဖြင့္လွစ္ၿပီး ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္၊ ေပါက္ၿမိဳင္ပရိယတၱိစာသင္တိုက္ ပဓာနနာယက၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ၊ မဟာဂႏၶဝါစက၊ ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီး၏ ဩဝါဒါစရိယဆရာေတာ္ ဘဒၵႏၲဇနိႏၵထံမွ အဂၤါ(၅)ပါးႏွင့္ ျပည့္စုံေသာသီလေတာ္ျမတ္အား ခံယူေဆာက္တည္ၾကၿပီး ဆရာေတာ္အရွင္သူျမတ္မ်ားက ပရိတ္တရားေတာ္မ်ား ရြတ္ပြားခ်ီးျမႇင့္ခဲ့ပါသည္။
ဆက္လက္ၿပီး ေပါက္ၿမိဳင္ပရိယတၱိစာသင္တိုက္ ပဓါနနာယကဆရာေတာ္ ဘဒၵႏၲဇနိႏၵ အပါအဝင္ ပင့္သဃာ (၁၈)ပါးအား တက္ေရာက္လာၾကသူမ်ားက ကထိန္လ်ာသကၤန္းႏွင့္ ၀တၳဳေငြမ်ား၊ လွူဘြယ္ပစၥည္းမ်ား၊ အလွူပေဒသာပင္ (၉)ခုႏွင့္အတူ လွူဒါန္းေငြစုစုေပါင္း (၁၂,၃၄၉,၀၀ဝိ/-)က်ပ္ကို ဆက္ကပ္လွူဒါန္းၿပီး ေပါက္ၿမိဳင္ပရိယတၱိစာသင္တိုက္ ပဓာနနာယက၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ၊ မဟာဂႏၶဝါစက၊ ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီး၏ ဩဝါဒါစရိယဆရာေတာ္ ဘဒၵႏၲဇနိႏၵထံမွ အႏုေမာဒနာတရားနာၾကားကာ လွူဒါန္းမွုအစုစုတို႔အတြက္ ေရစက္သြန္းခ်အမၽွေပးေဝခဲ့ၾကပါသည္။
ထို႔ေနာက္ အခမ္းအနားကို ေန႔လည္ (၁၀:၅၀) နာရီအခ်ိန္တြင္ “ဗုဒၶသာသနံ စိရံ တိ႒တု” သုံးႀကိမ္ရြတ္ဆိုၿပီး ေရႊမိုးေငြမိုးမ်ားၾကဲ၍ ႐ုတ္သိမ္းၿပီးေနာက္ ႂကြေရာက္ေတာ္မူလာၾကသည့္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွူဒါန္းကာ သတၱမအႀကိမ္ေျမာက္ စုေပါင္းမဟာဘုံကထိန္အလွူေတာ္မဂၤလာ အခမ္းအနား ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သတ္တမအကြိမ်မြောက် မိသားစု စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်
==========================================================================
နိုဝင်ဘာလ ၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် မိသားစုများ၏ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့်ဇနီး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများနှင့်ဇနီးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့်ဇနီးများ၊ ဗဟိုကော်မတီဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ပြည်ထောင်စုနယ်မြေမှ ပါတီတာဝန်ရှိသူမျာ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပါတီဌာနချုပ်မှ ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း(၅၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ဓဝါစက၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဇနိန္ဒထံမှ အင်္ဂါ(၅)ပါးနှင့် ပြည့်စုံသောသီလတော်မြတ်အား ခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တဇနိန္ဒ အပါအဝင် ပင့်သဃာ (၁၈)ပါးအား တက်ရောက်လာကြသူများက ကထိန်လျာသင်္ကန်းနှင့် ၀တ္ထုငွေများ၊ လှူဘွယ်ပစ္စည်းများ၊ အလှူပဒေသာပင် (၉)ခုနှင့်အတူ လှူဒါန်းငွေစုစုပေါင်း (၁၂,၃၄၉,၀၀ဝိ/-)ကျပ်ကို ဆက်ကပ်လှူဒါန်းပြီး ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ဓဝါစက၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဇနိန္ဒထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါသည်။
ထို့နောက် အခမ်းအနားကို နေ့လည် (၁၀:၅၀) နာရီအချိန်တွင် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုပြီး ရွှေမိုးငွေမိုးများကြဲ၍ ရုတ်သိမ်းပြီးနောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။