ဗီယက်နမ် အမျိုးသားကာကွယ်ရေး ဒုဝန်ကြီး နှင့် ရုရှားကာကွယ်ရေးဝန်ကြီးတို့က ရုရှားနိုင်ငံတွင် တွေ့ဆုံမှုများပြုလုပ်ခဲ့ကြပြီး ဗီယက်နမ် -ရုရှား ဘတ်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးများ ပိုမိုအားကောင်းလာစေရန် ဆွေးနွေးမှုများပြု လုပ်ခဲ့

ဇူလိုင် ၇
ဗီယက်နမ်နိုင်ငံ၏ အမျိုးသားကာကွယ်ရေး ဒုဝန်ကြီး အထက်လွှတ်တော်အမတ် ဒုဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး Hoang Xuan Chien က ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဇူလိုင် ၅ ရက်မှ ၇ ရက်နေ့ အထိ ဗီယက်နမ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များက ရုရှားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိ နေကြတာလည်းဖြစ်ပါတယ်။
ပြီးခဲ့သည့် ဇူလိုင် ၆ ရက်ကနေ့က ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergei Shoigu ထံ ဗီယမ်နမ်နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆင့်မြင့် ကိုယ်စားလှယ်တော်အဖွဲ့များက သွားရောက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး ဗီယက်နမ် ဒုတိယဝန်ကြီး Chien က ဗီယက်နမ်-ရုရှား နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံ ရေးဆိုင်ရာ ပူးတွဲကြေညာချက်နှင့်အညီ ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေးများ ပိုမို ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် ဗီယက်နမ် အမျိုးသားကာကွယ်ရေး ဒုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲ၏ အသေးစိတ်အချက်အလက်များ –
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် ရုရှားနိုင်ငံနေ့ကို ဟနွိုင်းမြို့(ဗီယက်နမ်) ရှိ ရုရှားသံရုံးမှ ကြီးမှူးကျင်းပခဲ့သောဧည့်ခံပွဲအတွက် Hoang Suan Tien ကို ရုရှားစစ်ဌာန အကြီးအကဲ များက ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
ဗီယက်နမ်သည် အာရှ-ပစိဖိတ်ဒေသတွင် ရုရှားနိုင်ငံ၏ အဓိကမိတ်ဖက်ဖြစ်ပြီး ကျနော်တို့ ယုံကြည်စိတ်ချရသော မဟာမိတ်အဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း Shoigu က ပြောကြားခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံ အမျိုးသား ကာကွယ်ရေး ဒုဝန်ကြီးက ရုရှား – ဗီယမ်နမ် နှစ်နိုင်ငံ စစ်ဘက်ဌာနများ အကြား အပြန်အလှန် ဆက်ဆံရေးသည် နှစ် ၇၀ ကျော် သမိုင်းကြောင်းရှိခဲ့ပြီးဖြစ်သောကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ကွက်ကွက်ကွင်းကွင်း သာဓကအဖြစ် ညွှန်းဆိုပြောကြားခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး Shoigu က နှစ်နိုင်ငံ ဆက်ဆံရေးပိုမို ခိုင်မာလာစေရန်နှင့် အလားအလာရှိသော ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်သစ်များကို ရှာဖွေရန် တိုက်ရိုက် အပြန်အလှန်ဆက်သွယ်မှုများ တိုးမြှင့်သွားရန် လိုအပ်ကြောင်း နှင့် တို့မြှင့်သွားနိုင်သည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် နှစ်နိုင်ငံ ကာကွယ်ရေး ခေါင်းဆောင်များက တွေ့ဆုံစဉ်အတွင်း ရုရှား-ဗီယက်နမ် ဘက်ပေါင်းစုံမှ အပြန်အလှန် ဆက်ဆံရေးများ ပိုမိုအားကောင်းလာမှုများ နှင့် နှစ်နိုင်ငံ တွေ့ဆုံခဲ့ကြသည့် အမြင့်ဆုံးအဆင့် ဆွေးနွေးပွဲများတွင်လည်း ထပ်ခါတလဲလဲ အလေးပေး ပြောကြားခဲ့သည့်အတိုင်း နှစ်နိုင်ငံ၏ အခြေခံ အကျိုးစီးပွားများ နှင့် ပူးပေါင်းဆောင်ရွက်ရေးများ ကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ ကြပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။ #PAN



