ဗိုလ်တထောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့(၁၀.၁၁.၂၀၂၂) နေလည် (၁၁:၀၀)က မဂ်လာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အရန်ဗဟိုကော်မတီဝင် ဗိုလ်တထောင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ်လဲ့လဲ့အေး၊ ခရိုင်ကော်မတီဝင်များ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ (၅)မြို့နယ်မှ ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှုးများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ခရိုင်ပါတီဥက္ကဌ ဦးဉာဏ်ဝင်းထိုက်က ပါတီဝင်အင်အားစိစစ်၍ မြေပုံရွေးဆွဲနိုင်ရေးနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြား၍ တက်ရောက်လာသော မြို့နယ် ပါတီတာဝန်ရှိသူများက ပြန်လှန်ဆွေးနွေးကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေ့လည် (၁)နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။



