တနင်္သာရီတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌထားဝယ်အထက(၅)သို့ လက်ဆေးဘေစင်များလှူဒါန်း
ထားဝယ် ဇူလိုင် ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးနေမျိုးတို့သည် ယမန်နေ့ နံနက် ၁၁ နာရီက ထားဝယ်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးယုနိုင်၊ ပါတီအတွင်းရေးမှူး ဦးအောင်မျိုးထွန်း၊ ဘဏ္ဍာရေးမှူး ဦးသန်းရွှေနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ သပြေချောင်းကျေးရွာ ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်ဝင်းတို့ လိုက်ပါလျက် သပြေချောင်းကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းအမှတ် (၅) သို့ သွားရောက်ကာ ကျောင်းဖွင့်ချိန်၌ COVID-19 ကူးစက်ရောဂါကြိုတင်ကာ ကွယ်တားဆီးနိုင်ရေးအတွက် ဆရာဆရာမများ၊ ကျောင်းသူကျောင်းသား များ အသုံးပြုနိုင်ရန် လိုအပ်နေသော လက်ဆေးဘေစင် ၂ဝ အား တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက ပေးအပ်လှူဒါန်းရာ တာဝန်ခံ ကျောင်းအုပ်ဆရာမဒေါ်သန်းသန်းရှိန်နှင့် သပြေချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသောင်းဝင်း တို့က လက်ခံရယူ၍ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းအတွင်း Social Distancing စနစ်ဖြင့် သင်ခန်းစာများ ပို့ချနေမှုအား လိုက်လံပြသရာ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌနှင့် လိုက်ပါလာသူများက လိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။ခွန်အောင်ကျော်စွာ




