တာလေမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်/မြို့နယ်ပါတီ ဥက္ကဌဖလားဘောလုံးပြိုင်ပွဲကျင်းပ

 

၁၅ – ၁၀ – ၂၀၁၈ ရက်နေ့၊ တာလေမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာချီလိတ်ခရိုင်/မြို့နယ်ပါတီ ဥက္ကဌ (ဖလား) လူငယ် – မောင်မယ်များ ဘောလုံးဖွင့်ပွဲနှင့်ပြိုင်ပွဲကို စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြိုင်ပွဲတွင် လူငယ်ဘောလုံးအသင်း (၁၃) သင်း၊ အမျိုးသမီးဘောလုံးအသင်း (၃)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖွင့်ပွဲတွင် တိုင်းရင်းသူလေးများမှ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ပြီး ပါတီဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ပါတီအမျိုသမီးအဖွဲ့များ တက်ရောက်အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Read more

ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ရေးရာ နှင့် အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

Read more

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး​ရှေ့၌ ပါတီ​အောင်​နိုင်​​ရေးဆိုင်းဘုတ်​တင်​မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

 

(၁၆.၁၀.၂၀၁၈) ရက်​​နေ့ နံနက် ​(၉) နာရီအချိန်​တွင်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး​ရှေ့၌ ပါတီ​အောင်​နိုင်​​ရေးဆိုင်းဘုတ်​တင်​မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့် တိုင်းပါတီ​ကော်​မတီဝင်​များ၊ တိုင်း​ပါတီအတိုင်​ပင်​ခံများ၊ မန္တ​လေးခရိုင်​ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်​ပါတီအတွင်း​ရေးမှူး ​ဒေါ်ဝါဝါလှိုင်​နှင့် ​ခရိုင်​​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​အတွင်းရှိမြို့နယ်​များမှ ဥက္ကဋ္ဌများ၊ အတွင်း​ရေးမှူးများ၊ ​ကော်​မတီဝင်​များ၊ ပါတီအမာခံများ တက်​​ရောက်​ခဲ့ကြပါသည်​။

Read more

ဗဟိုအမျိုးသမီးညီလာခံကြိုဆိုစာတမ်းဖတ်ပွဲ ဒဂုံမြို့နယ်တွင်ကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဒဂုံမြို့နယ်၏ ဗဟိုအမျိုး သမီးညီလာခံအကြို နှီးနှောဖလှယ် ပွဲကို မြို့နယ်ပါတီရုံးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပ ခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကူညီဆောင်ရွက်

 

မိတ္ထီလာ အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မွေအုပ်စု အိုမတွေ့ကျေးရွာ သို့ ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား မိတ္ထီလာမြို့မှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် များထုတ်ပေးရေး ကူညီဆောင်ရွက်ပေးခဲ့သည်။

Read more

ခွဲမထွက်ရေးနှင့် ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုဖြစ်ရေး များစွာအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်ထောင်စုမှခွဲမထွက်ရေးနှင့် ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုဖြစ်ရေး များစွာအရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

Read more

ဖားကန့်တွင် နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

ဖားကန့် အောက်တိုဘာ ၁၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွား သင်တန်းအမှတ်စဉ်(၄/၂ဝ၁၈)ဖွင့်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီက ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ကျင်းပရာ သဘာပတိ ခရိုင်ပါတီကော်မတီ ဝင် နယ်မြေတာဝန်ခံ ဦးစိုင်းသိန်း ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပါတီအတွင်းရေးမှူးဦးထွန်း မြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက်နှင့် ပို့ချပေးမည့် ဘာသာ ရပ်များကို ရှင်းလင်းပြောကြား သည်။

Read more

ပြင်သစ်နည်းပြကို ဝေဖန်ပြီး နောက်ခံလူ ကိုစီယယ်နီ နိုင်ငံတကာ ကစားသမားဘဝ အနားယူ

ဒဏ်ရာရစဉ်ကာလအတွင်း ၎င်းအပေါ် ပြင်သစ်နည်းပြ ဒက်စ်ချမ့်၏ ဆက်ဆံပုံများကို ပြင်သစ်နှင့် အာဆင်နယ် နောက်ခံလူ ကိုစီယယ်နီက ဝေဖန်ခဲ့ပြီး နောက် နိုင်ငံတကာကစားသမား ဘဝမှ အနားယူခဲ့သည်။

ကိုစီယယ်နီ (၃၃) နှစ်သည် မေလက ယူရိုပါလိဂ်အကြိုဗိုလ်လုပွဲတွင် ဖနောင့်ကြောဒဏ်ရာရခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်။

ဒဏ်ရာကြောင့် အနားယူနေချိန်အတွင်း ဒက်စ်ချမ့်အပြင်လူအများအပြားက ၎င်းကို စိတ်ပျက်ခဲ့ကြောင်း ကိုစီယယ်နီက ဆိုသည်။

Read more

စပိန်ကိုအနိုင်ရခဲ့ပြီးနောက် အသင်းသားများကို အင်္ဂလန်နည်းပြဆောက်ဂိတ် ချီးကျူး

ဆီဗီးမြို့မှာ စပိန်ကို (၃-၂)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ အသင်းသားတွေကို ချီးကျူးသွားခဲ့ပါတယ်။ တိုက်စစ်မှူးစတာလင်းရဲ့(၃)နှစ်အတွင်း ပထမဆုံးနိုင်ငံတကာ သွင်းဂိုးတွေအပြင် ရက်ဖို့ဒ်ရဲ့ ဂိုးနဲ့ အင်္ဂလန်ဦးဆောင်နိုင်ခဲ့ပြီး နည်းပြအင်းနရစ်ရဲ့စပိန်က ချေပဂိုးတွေလိုက်သွင်းခဲ့တာပါ။ ဒီရလဒ်ဟာ အင်္ဂလန် အသင်းအတွက် မှတ်တမ်းတခုဖြစ်ခဲ့ပြီး ၁၉၅၉ ခုနှစ်ပြီးနောက် ပျမ်းမျှအသက်အငယ်ဆုံးအသင်း ဖြစ်ခဲ့ပါတယ်။

Read more