တမူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရိုထန်းပွီးယာ ဟဲဇင်းကျေးရွာ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

တမူး အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင်တမူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာသည် ၂ဝ၁၈ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ဟဲဇင်းကျေး ရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ ဆုံခဲ့သည်။

Read more

အုတ်တွင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမြင့် ကုန်းသာယာကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ

 

အုတ်တွင်း အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီးအုတ်တွင်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် သည် တောင်ငူမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်မောင်စိုးနှင့် ခရိုင်၊ မြို့နယ် ကော်မတီဝင်များနှင့်အတူ ယမန်နေ့ နံနက် ၁ဝနာရီကျော်တွင် တောပု ကျေးရွာအုပ်စု ကုန်းသာယာကျေး ရွာနေ ဦးတင်မောင်ထွေးနေအိမ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။

Read more

ကောလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ကောလင်း အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်ပြည်ခိုင် ဖြိုးပါတီဗဟိုအမျိုးသမီး ညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ သည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား ဖူးမျှော်ကြည်ညို

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် ယနေ့ ညနေ ၆ နာရီအချိန်တွင် မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးရှိသော ဆရာတော် သံဃာတော်များအား ဖူးမျှော်ကြည်ညိုကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

Read more

ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကန့်ဘလူတွင်ကျင်းပ

 

ကန့်ဘလူ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုး သမီးညီလာခံအကြို နှီးနှောဖလှယ် ပွဲကို ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်က မြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြု ခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း များ ဆောင်ရွက်ကြသည်။

Read more

ရွှေကူမြို့နယ် ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

ရွှေကူ အောက်တိုဘာ ၁၆

ကချင်ပြည်နယ် ရွှေကူမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသောဗဟို အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ် ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပြု လုပ်ခဲ့ရာ ဗန်းမော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဒေါ်ဝိုင်း၊ ခရိုင်ပါတီကော် မတီဝင်ဒေါ်နန်းစိုးစိုးအောင်၊ ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသန်း ထိုက်၊ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော် မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်၊ အမျိုးသမီးရေးရာကော် မတီဝင်များ စုစုပေါင်း ၁၂ဝ တက်ရောက် ခဲ့ကြသည်။

Read more

တာတိုအပြေးဘုရင် အူစိန်ဘော့ ကြေးစားဘောလုံးသမားဘဝခံယူရန် နီးစပ်လာ

အိုလံပစ် တာတိုအ ပြေးချန်ပီယံ အူစိန်ဘော့ကို မော်လ်တာနိုင်ငံအခြေစိုက် ဘောလုံးကလပ်တစ်ခုက ၂ နှစ်စာချုပ် ဖြင့် ကမ်းလှမ်းခဲ့ကြောင်း ESPN သတင်းဌာနက ဖော်ပြသည်။

ဩစတြေးလျကလပ် Cen-tral Coast Mariners ၌ ဘောလုံးစွမ်းရည် စမ်းသပ်မှုခံယူနေသူ အိုလံပစ် ရွှေတံဆိပ် ရှစ်ခုရှင် ဂျမေကာနိုင်ငံသား ဘော့ကို ဒီဇင်ဘာ ၁၃ ရက်တွင် ဘယ်လ်ဇန်နှင့် ကစားမည့် မော်လ်တာ စူပါဖလားပွဲ၌ ပါဝင်နိုင်ရေး အချိန်မီစာချုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း မော်လ်တာချန်ပီယံရှစ်မှ Velletta Fc အသင်းက ပြောသည်။

Read more

မန်ယူအသင်းအား ၀ယ်ယူရန် ဆော်ဒီတော်ဝင်မင်းသားတစ်ဦး ပစ်မှတ်ထားနေ

ဆော်ဒီအာရေဗျနိုင်ငံ၏ တော်ဝင်မင်းသားတစ်ဦးဖြစ်သူ မိုဟာမက်ဘင်ဆယ်လ်မန် သည် ပရီးမီးယားလိဂ်ကလပ် မန်ယူ အသင်းတွင် ရင်းနှီးမြှုပ်နှံရန်နှင့် အနာဂတ်တွင် မန်ယူအသင်းအား ၀ယ်ယူသွားရန် ပစ်မှတ်ထားနေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

အသက် ၃၃ နှစ်အရွယ်ရှိ မိုဟာမက်ဘင်ဆယ်လ်မန် သည် ဆော်ဒီဘုရင်၏ သားတစ်ဦးဖြစ်ကာ ဆော်ဒီအာရေဗျ နိုင်ငံ၏ ဒုတိမြောက် သြဇာအာဏာ အကြီးမားဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။ မိုဟာမက်ဘင်ဆယ်လ်မန်တို့ မိသားစုသည် ပေါင်သန်း ၈၅၀ ဘီလီယံခန့် ချမ်းသာကြွယ်ဝကြောင်း သတင်းများတွင် ဆက်လက် ရေးသားထားသည်။

Read more

ရိုင်းစိုင်းပြီး မသင့်တော်တဲ့ စကားလုံးတွေအတွက် မော်ရင်ဟိုကို FA စွဲချက်တင်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ဒီလအစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ ၃-၂ နယူးကာဆယ်ပွဲအပြီး ပြောဆိုခဲ့တဲ့ မသင့်တော်တဲ့ စကားလုံးတွေအတွက် မန်ယူနည်းပြ မော်ရင်ဟိုကို အင်္ဂါနေ့က စွဲချက်တင်ခဲ့ပါတယ်။

အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ အောက်တိုဘာ ၆ ရက်က မန်ယူနှင့် နယူးကာဆယ်ပွဲစဉ်ပြီးဆုံးချိန် မော်ရင်ဟိုဟာ ဥမင်အတွင်း ဝင်ရောက်ခဲ့စဉ်မှာ ရိုက်ကူးရေး တီဗွီကင်မရာဘက်ကို လှည့်ပြီး ရိုင်းစိုင်းပြီး မသင့်တော်တဲ့ စကားတွေကို ပြောဆိုခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

Read more

တရုတ်လေဆိပ်မှာ မျက်နှာမှတ်တမ်းတင်တဲ့ နည်းပညာသုံးနေပြီ

တရုတ်နိုင်ငံ ရှန်ဟိုင်း ဟုန်ချုံချောင်ကျူ လေဆိပ်မှာ မျက်နှာကို မှတ်တမ်းတင်တဲ့ နည်းပညာသုံးနေပါပြီ။

ခရီးသည်ကိုယ်တိုင် ခရီးဆောင်သေတ္တာ စာရင်းသွင်း၊ လုံခြုံရေး ကင်းရှင်းခွင့်ယူပြီး မျက်နှာမှတ်တမ်းတင်နိုင်ပြီလို့ တရုတ်မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ပေဂျင်းနဲ့ တရုတ်နိုင်ငံ အလယ်ပိုင်း Henan ပြည်နယ် Nanyang လေဆိပ်တွေမှာလည်း ဒီစနစ် ကျင့်သုံးနေပါတယ်။
လုံခြုံရေးစစ်တဲ့အခါ မြန်ဆန်စေဖို့ တရုတ်နိုင်ငံက လေဆိပ်တွေမှာ မျက်နှာကို မှတ်တမ်းတင်တဲ့ နည်းပညာ သုံးနေပေမဲ့ ရှန်ဟိုင်းမှာ ဒီတနင်္လာနေ့ကမှ စတင်ပါတယ်။ 

Read more