မေတ္တာရောင်​ခြည်​ ​ကျောင်းတိုက်​ရှိ ဓမ္မစကူးလ်​ကျောင်းသား/​ကျောင်းသူများအား ပြင်​ဦးလွင်​မြို့ နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဗလာစာအုပ်​များလှူဒါန်း

 

မတ်​(၈)၊ပြင်​ဦးလွင်

ပြင်​ဦးလွင်​မြို့နယ်​၊ သံမဏိစက်​ရုံ၊ ကျွဲနားထောက်စံပြကျေးရွာရှိ ​မေတ္တာ​ရောင်​ခြည်​​ကျောင်းတိုက်​ ၂၀၁၇- ၂၀၁၈ပညာသင်​နှစ်​၊ ဓမ္မစကူး​ကျောင်းသား/​ကျောင်းသူများ အာစရိယပူ​ဇော်​ပွဲနှင့်​ဆုနှင်း    သဘင်​ပွဲအခမ်းအနားကို ယ​နေ့နံနက် ​၉နာရီခွဲက ကျင်းပခဲ့ရာ ပြင်​ဦးလွင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဗလာစာအုပ်​များ သွား​ရောက်​လှူဒါန်းခဲ့သည်​။
အခမ်းအနားသို့ ပြင်​ဦးလွင်​ခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းကြည်နှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌဦးလင်း​ဇော်​မင်းနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ပါတီဝင်​၊ဖိတ်​ကြားထား​သောဧည့်​သည်​​တော်​များ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။
ပြင်​ဦးလွင်​မြို့နယ်​၊သံမဏိစက်​ရုံ၊ကျွဲနားထောက်စံပြကျေးရွာ၊ ​မေတ္တာ​ရောင်​ခြည်​​ကျောင်းတိုက်​ရှိ ဓမ္မစကူး​ကျောင်းသား/​ကျောင်းသူများအား မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဗလာစာအုပ်​(၅၅)ဒါဇင်​​ပေးအပ်​လှူဒါန်းခဲ့​ကြောင်း သိရသည်​။

Read more

တောင်ကိုရီးယား၏ ညှိနှိုင်းမှုဖြင့် ထရမ့်နှင့် ကင်မ်ဂျုံအန်း တွေ့ဆုံရန် သဘောတူ

တောင်ကိုရီးယား၏ ကြားဝင် ညှိနှိုင်းမှုဖြင့် အမေရိကန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားတွင် နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် သွားရောက် တွေ့ဆုံခဲ့သည့် တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့သည် မတ် ၈ ရက် ညပိုင်းက ဝါရှင်တန်၌ ထရမ့်ဦးဆောင်သော အမေရိကန် အရာရှိများနှင့် ဆွေးနွေးခဲ့ကြသည်။

Read more

မလေးရှားရှိ ငလျင်လှုပ်ခတ်ရာ တောင်ထိပ်မှ တောင်တက်သမားများကို အောင်မြင်စွာ ကယ်ဆယ်

မလေးရှား နိုင်ငံတွင် ရစ်ခ်ျတာစကေး ၅.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် အဆိုပါ ဒေသရှိ တောင်တက်သမားများကို ရွှေ့ပြောင်း ကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။

မတ်လ ၈ ရက်က ဆာဘားတွင် ငလျင်လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်များပါ ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။ ငလျင်လှုပ်သည့် ဧရိယာတွင် တောင်တက်သမားများကြား ရေပန်းစားသည့် ကီနာဘာလူ တောင်ထိပ်လည်း ရှိနေရာ ထိုနေရာတွင် အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသည်။

Read more

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း တက်ရောက်အားပေး

 

နေပြည်တော် မတ် ၈

Read more

မီး​ဘေးသင့်​ပြည်​သူများအား ​အောင်​​မြေသာစံပြည်​ခိုင်​ဖြိုးပါတီမှလှူဒါန်း

 

(၇.၃.၂၀၁၇)ရက်​​နေ့က မီး​ဘေး​ကြောင့် နေအိမ်မီး​လောင်​ဆုံးရှုံးသွား​သော ​အောင်​​မြေသာစံမြို့နယ်​၊ သရက်​ကုန်းရပ်​ကွက်​မှ မီး​ဘေးသင့် အိမ်​ထောင်​စု(၁၂)စုသည်​ သရက်​ကုန်းဓမ္မာရုံရှိကယ်​ဆယ်​​ရေးစခန်းတွင်​ ​ခေတ္တ​နေထိုင်​လျက်​ရှိရာ ​(၈.၃.၂၀၁၈)ရက်​​နေ့ နံနက်​ပိုင်းတွင်​ အောင်​​မြေသာစံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးကိုကို​လေးနှင့်​အဖွဲ့မှသွား​ရောက်​​တွေ့ဆုံကာ အား​ပေးစကား​ပြော         ကြားခဲ့ပြီး မီး​ဘေးသင့်​အိမ်​​ထောင်​စုများအတွက်​ ​ခေါက်​ဆွဲထုပ်​၊ ကိတ်​​ခြောက်​၊ အချိုရည်​၊ ​ရေသန့်​ဗူးများ​ပေးအပ်​လှူဒါန်းခဲ့​ကြောင်းသိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး

Read more

မြောက်ကိုရီးယားအရေး ဆွေးနွေးမှု ကြာဦးမည်ဟု ကန်ဝန်ကြီး ပြော

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားနဲ့ နျူးကလီးယားလျော့ချရေး ဆွေးနွေးရေးကိစ္စဟာ အကောင်အထည်ပေါ်ပေါက်လာဖို့အတွက် ကာလရှည်ကြာပါဦးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက် တေလာဆင်က ပြောပါတယ်။

ပထမဆုံးအကြိမ် အာဖရိကခရီးစဉ်အတွင်း အိသီယိုးပီးယားနိုင်ငံကို ရောက်ရှိစဉ်မှာ ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားဘက်က ပြသနေတဲ့ အရိပ်လက္ခဏာတွေဟာ အပြုသဘောဆောင်ပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းရေးကိစ္စဟာ လောလောဆယ် ဖြစ်လာဦးမှာ မဟုတ်သေးဘူး လို့လည်း ပြောပါတယ်။

Read more

ရွေးကောက်ပွဲကတိကို ဖြည့်ဆည်းပြီး သံမဏိနှင့် အလူမီနီယံ သွင်းကုန်ခွန်အား ဒေါ်နယ်ထရမ့် ပြဋ္ဌာန်း

အမေရိကန်နိုင်ငံမှာ သံမဏိနဲ့ အလျူမီနီယမ်တွေအပေါ် တင်းကြပ်စွာ အခွန် ကောက်ခံရေး နဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်နေတဲ့ အစီအစဉ်တွေကို သမ္မတ ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သမ္မတ ထရမ့်က အမေရိကန်ဟာ မမျှတတဲ့ ကုန်သွယ်မှု ဒဏ်တွေကို ရင်ဆိုင်နေရပြီး အခုလို အခွန်စည်းကြပ်မှုကြောင့် အမေရိကန်ရဲ့ စက်မှုလုပ်ငန်းကို တိုးတက်လာစေမယ်လို့ ဆိုပါတယ်။

Read more

ရပ်/ကျေး ပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲကျင်းပ

 

နတ်တလင်းမြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ယနေ့  (၈.၃.၂၀၁၈) ရက်နေ့ နံနက် (၁၀ )နာရီတွင် နတ်တလင်းမြို့ နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ် စု(၈၄) အုပ်စုမှ ရပ်ကျေးစည်းမှူးများအား ရပ်ကျေးပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းပါတီဒုတိယဥက္ကဌ ဦးအောင်ချိုဦး၊ တိုင်းပါတီကော်မတီဝင်များဖြစ်ကြသော ဦးသန်းဇော်၊ ထွန်း၊ ဒေါ်ထားထားနု၊ ခရိုင်ပါတီဥက္ကဌ ဦးသိန်းဇော်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်ဝေလင်း၊ နတ်တလင်းမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီမှ စည်းမှူးနှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ ယနေ့ အစည်းအဝေးသို့  အင်အား (၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Read more

ရပ်​ကွက်​/​ကျေးရွာအုပ်​စု ပါတီဥက္ကဌတာဝန်​​ပေးအပ်​ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

မ​ကွေး ၊ မတ်​လ ၊ ၈ ရက်

Read more

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သတင်းနှင့်မီဒီယာ ခရိုင်တာဝန်ခံများ တွေ့ဆုံညှိနှိုင်းပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် (၆.၃.၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် သတင်းနှင့်မီဒီယာ ခရိုင်တာဝန်ခံများ တွေ့ဆုံညှိနှိုင်းပွဲကို ဧရာဝတီတိုင်းဒေသကြီး ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းပါတီကော်မတီဝင် ဦးလှခိုင်၊ တိုင်းသတင်းတာဝန်ခံ ဦးသန်းထွန်း၊ တက်ရောက်ပြီး ပထမဦးစွာ အတွင်းရေးမှူး ဦးဝင်းကိုကိုမှ အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးသတင်းတာဝန်ခံ ဦးသန်းထွန်းမှ သတင်းမီဒီယာ နှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များကို ချပြဆွေးနွေးပြီး တက်ရောက်လာသည့် ခရိုင်တာဝန်ခံများမှ ပြန်လည်ဆွေးနွေးရာ နေ့လည် (၂) နာရီတွင် ပြီးဆုံးပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းအတွင်းမှ ခရိုင်သတင်းတာဝန်ခံ (၆) ဦး၊ ခရိုင်အတွင်းရေးမှူး (၆) ဦးနှင့် စုစုပေါင်း (၁၅) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

Read more