ဘာစီလိုနာသမိုင်းတစ်လျောက် အအောင်မြင်ဆုံးကစားသမား မက်ဆီဖြစ်လာ

ဆီဗီလာကို အနိုင်ရခဲ့တဲ့ စပိန်စူပါဖလားပြိုင်ပွဲပြီးနောက် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ အသင်း သမိုင်းတစ်လျောက် အအောင်မြင်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ စပိန်စူပါဖလားပြိုင်ပွဲကို ပထမဆုံး အကြိမ် ပြည်ပမှာ ကျင်းပခဲ့ပြီး တူနီးရှားမှာ ကျင်းပခဲ့တာပါ။ မက်ဆီကလည်း အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီး ကတည်းက ဘာစီလိုနာအတွက် ပထမဆုံးဝင် ရောက်ကစားခဲ့တာပဲဖြစ်ပါတယ်။

Read more

နေကို အနီးကပ် စူးစမ်းလေ့လာမယ့် အာကာသယာဉ် NASA လွှတ်တင်

သြဂုတ် ၁၃

နေရဲ့ အင်မတန် ပူပြင်းလှတဲ့ ၀န်းကျင်နားအထိ သွားပြီး အနီးကပ် စူးစမ်းလေ့လာမယ့် အာကာသယာဉ်ကို အမေရိကန် အာကာသ သိပ္ပံ အေဂျင်စီ (NASA) က သြဂုတ် ၁၂ ရက်မှာ လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။

Read more

ဝါရှင်တန်ဒီစီမှာ လူဖြူလူမျိုးကြီးဝါဒီ ဆန္ဒပြပွဲနှင့် တန်ပြန် ဆန္ဒပြပွဲများ ပေါ်ပေါက်

သြဂုတ် ၁၃

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အပြင်ဘက် အနီးဝန်းကျင်မှာ  သြဂုတ် ၁၂ ရက်က အရေအတွက် အနည်းအကျဉ်းမျှ ရှိတဲ့ လူဖြူလူမျိုးကြီးဝါဒီ ဆန္ဒပြပွဲတစ်ခု ပေါ်ပေါက်ခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပဲ ယင်းထက် အင်အား များပြားတဲ့ တန်ပြန် ဆန္ဒပြပွဲလည်း ပေါ်ပေါက်ခဲ့လို့ ရဲတွေက ယင်း အုပ်စုနှစ်စုကို ထိပ်တိုက်မတွေ့အောင် ထိန်းချုပ်ခဲ့ရပါတယ်။

Read more

မန်ချက်စတာမြို့ သေနတ်ပစ်ခတ်မှု တွင် ဒဏ်ရာရရှိသူ ၁၀ဦးကို ဆေးရုံသို့ ပို့ဆောင်

လန်ဒန်၊ သြဂုတ် ၁၃ ရက်

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ Moss Side ဧရိယာတွင် သြဂုတ် ၁၂ ရက် အစောပိုင်းက ပြုလုပ်သော လမ်းမပေါ် ကျင်းပသည့် ပါတီပွဲတစ်ခုတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက် ကလေးငယ် ၂ဦး အပါအဝင် ဒဏ်ရာရရှိသူ ၁၀ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Read more

ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​အတွင်း​ရေးမှူး ပါတီဝင်​များထံကွင်းဆင်း​တွေ့ဆုံခြင်း

 

ရန်​ကုန်​ သြဂုတ်​ ၁၀

ရန်​ကုန်​တိုင်း​ဒေသကြီး ၊ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ အ​ရှေ့ပိုင်းခရိုင်​ အတွင်း​ရေးမှူး ​ဒေါ်ဇာခြည်​လင်းသည်​ ယ​နေ့နံနက်​ ၁၀ နာရီ အချိန်​တွင်​ ဒဂုံမြို့သစ်​ ​မြောက်​ပိုင်းမြို့နယ်​ အမှတ်​(၄၃) ရပ်​ကွက်​ရှိ ပါတီဝင်​များထံသို့ ကွင်းဆင်း​တွေ့ဆုံခဲ့ပါသည်​။
ယ​နေ့နိုင်​ငံ​ရေးအခင်းအကျင်းနှင့်​ပက်​သက်​၍ ပါတီဝင်​များနှင့်​ ရင်းနှီးပွင့်​လင်းစွာ ​ဆွေး​နွေးခဲ့ကြပြီး အသက်​(၈၂) ရှိ အငြိမ်းစားပညာ​ရေးမှူးကြီး ဦး​အေး​မောင်​အား ဝင်​​ရောက်​ဂါရဝပြုခဲ့ပါသည်​။ ဆရာကြီးဦး​အေး​မောင်​သည်​ ဗိုလ်​ချုပ်​ ​အောင်​ဆန်း၏အကိုကြီး ဦး​နေ​အောင်​နှင့်​​ကျောင်း​နေဖက်​သူငယ်​ချင်းဖြစ်​ခဲ့ပြီး ဗိုလ်​ချုပ်​​အောင်​ဆန်းလက်​ထက်​ နိုင်​ငံ​ရေး အ​ခြေအ​နေနှင့်​ ယ​နေ့​ခေတ်​နိုင်​ငံ​ရေးအ​ခြေအ​နေများအား သုံးသပ်​​ပြောကြားခဲ့ပြီး လူငယ်​များ နိုင်​ငံ့အ​ရေးကို စိတ်​ဝင်​စားကြ​စေချင်​​ကြောင်း ​ပြောကြားခဲ့​ကြောင်း သိရှိရပါသည်​။

Read more

ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး တမူးခရိုင် / မြို့နယ် ကော်မတီဝင်၊ အရံကော်မတီဝင်၊ ရပ်ကျေးပါတီဥက္ကဌများ ၊ ရပ်မိရပ်ဖများ နှင့်တွေ့ဆုံ

 

သြဂုတ်-၁၀| တမူး

ဒီကနေ့ (၁၀-၈-၂၀၁၈)ရက်နေ့ မနက်ပိုင်းအချိန်တွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် တမူးမြို့နယ်ပါတီရုံး၌ ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ| အရံကော်မတီဝင်များ|ရပ်ကျေးပါတီဥက္ကဌများ| ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုအလေးပြု၍ ဖွင့်လှစ်ခဲ့ကာ တိုင်းတာဝန်ခံမှ အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက အမှာစကားပြောကြားပြီး |တမူးခရိုင် ပါတီဥက္ကဌ ဦးခင်မောင်ရွှေမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်တွင် တတ်ရောက်လာသောပ်ါတီဝင်များမှ တင်ပြဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲအခမ်းအနားကို ပါတီဝင် စုစုပေါင်း (၁၀၀)ဦး တတ်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Read more

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလု

 

(၁၀-၈-၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီ အချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ကော်မတီ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။
အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရေးမှူး၊ ဘဏ္ဍာရးမှူး၊ ပြည်နယ်ကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ ခရိုင် (၆) ခရိုင်မှ ဥက္ကဌများ၊ လားရှိုးခရိုင်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး၊ လားရှိုးမြို့နယ်ဥက္ကဌ၊ လူငယ်တာဝန်ခံ၊ အမျိုးသမီးရေးရာတာဝန်ခံ၊ မီဒီယာတာဝန်ခံ၊ စုစုပေါင်း (၂၃) ဦး တက်ရောက်ကြပါသည်။၊

Read more

ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူ ဒါန်းပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပျဉ်းမနားမြို့နယ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းပွဲကို ၉.၈.၂၀၁၈ နံနက် ၉း၀၀ နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဌ ဦးဝေလွင်နှင့် ဇနီးဒေါ်ဆွေဆွေဦး၊ ပြည်ထောင်စုနယ်မြေနှင့် နေပြည်တော် ခရိုင်ပါတီတို့မှ ကော်မတီဝင်များ၊ ပျဉ်းမနားမြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးပါတီများမှ ပါတီတာဝန်ရှိသူများ စုစုပေါင်း အင်အား(၁၀၀) ကျော်နှင့် ဖိတ်ကြားထားသည့်ဌာနဆိုင်ရာ ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

Read more

ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ပါတီဝင်များ၏သားသမီးများအား ထူးချွန်ဆုချီးမြှင့်

 

ဖျာပုံ သြဂုတ် ၉

Read more

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

လွိုင်ကော် – သြဂုတ် ၉

ယနေ့ ၉-၈-၂၀၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီမှ နေ့လည် (၁း၀၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန်လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီနာယက ဒေါ်စုလေးဖြူ၊ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးမော်ရယ်၊ ဦးဌေးရယ်၊ ဦးရဲဝင်း၊ ဦးအောင်နိုင်ဦး၊ ဦးကျော်သင်း၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်နန်းယဉ်သီတာထွေးနှင့် ဒေါ်ဒေါရစ်လေးတို့ တက်ရောက်ကြောင်း သတင်းရှိရသည်။

Read more