လကမ္ဘာပေါ်၌ ရေခဲပြင်တည်ရှိမှု သိပ္ပံပညာရှင်များအတည်ပြု

လကမ္ဘာပေါ်၌ ရေခဲပြင်တည်ရှိမှုကို ပထမဆုံးအကြိမ် အတည်ပြုနိုင်ပြီဖြစ်ကြောင်းနှင့် အဆိုပါလေ့လာတွေ့ ရှိချက်သည် တစ်နေ့ တွင် လူသားများ လကမ္ဘာပေါ်၌ အသက်ရှင် နေထိုင်နိုင်ရန် အတွက် အကူအညီဖြစ်လာမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက သြဂုတ် ၂၁ ရက်တွင် အတည်ပြုပြောဆို လိုက်သည်။ လကမ္ဘာပေါ်၌ ရေခဲပြင်တည်ရှိသည့် လက္ခဏာကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ သော်လည်း ယခင်လေ့လာတွေ့ရှိချက်များသည် တစ်မူထူးခြားသည့် အလင်းပြန်သော မြေကဲ့သို့ ထူးကဲဖြစ်ရပ် အားဖြင့်သာ ရှင်းပြ နိုင်ခဲ့ကြောင်း လေ့လာရေးအဖွဲ့ကပြောသည်။

Read more

ဂျပန်နိုင်ငံ၏ သက်တမ်းရှည်ဝန်ကြီးချုပ် ဖြစ်လာနိုင်သည့် ရှင်ဇိုအာဘေး

တရုတ်နိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲကာ သမ္မတတစ်ဦးသည် ငါးနှစ်သက်တမ်းကို နှစ်ကြိမ် ဆက်တိုက်သာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်ဟူသော သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့သည်။ ယင်းသို့ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲမှုကြောင့် ရှီကျင့်ဖျင်သည် ၎င်းဆန္ဒရှိသည့်ကာလအထိ သမ္မတတာဝန်ကို ထမ်းဆောင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

Read more

သြစတြေးလျ အစိုးရအဖွဲ့မှ ဝန်ကြီး ၁၀ ဦး နုတ်ထွက်စာတင်

နိုင်ငံရေးအကွဲအပြဲဖြစ်နေတဲ့ သြစတြေးလျ အစိုးရအဖွဲ့မှာ လက်ရှိဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ်ရဲ့ ခေါင်းဆောင်မှုကို မကျေနပ်တဲ့အတွက် စုစုပေါင်း ဝန်ကြီး ၁၀ ဦး ရာထူးကနေ နုတ်ထွက်စာ တင်လိုက်ပါတယ်။

အဲဒီ ၁၀ ဦးထဲက သူ့ရဲ့ရန်သူဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ပီတာဒပ်တန်နဲ့ တခြားတဦးရဲ့ နုတ်ထွက်စာကိုပဲ ဝန်ကြီးချုပ် တန်ဘူးလ်က လက်ခံခဲ့ပါတယ်။ ကျန် ၈ ဦးရဲ့ နုတ်ထွက်စာတွေကိုတော့ ဆိုင်းငံ့ထားဆဲ ဖြစ်ပါတယ်။

Read more

အောင်လအန်ဆန် အောက်တိုဘာတွင် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည်

(ဓာတ်ပုံ − အောင်လဖေ့စ်ဘွတ်ခ်)

 အောက်တိုဘာအတွင်း ယှဉ်ပြိုင်မည့် MMA ကမ္ဘာ့ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ ထိုးသတ်ရန်  သြဂုတ် ၂၂ ရက်က One Championship နှင့် စာချုပ် ချုပ်ဆိုခဲ့ကြောင်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန် ဆန်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

Read more

ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုအတွက် ဆန်ကာတင်စာရင်းမှာ မက်ဆီ ပါဝင်ခြင်းမရှိ

၂၀၁၇-၁၈ ဘောလုံးရာသီယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်(၃)ဦး စာရင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ရာမှာ မက်ဆီပါဝင်ခြင်း မရှိဘဲ စီရော်နယ်ဒို၊ မိုဒရစ်နဲ့ ဆာလက်တို့ ပါဝင်ခဲ့ပါတယ်။ ဆာလက်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးနဲ့အတူဒုတိယရရှိခဲ့တာကြောင့် အခုလိုပါဝင်ခဲ့တာပါ။

Read more

အောက်တောင်းကျေးရွာပါတီဝင်များနှင့် တမူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံ

 

တမူး၊ သြဂုတ် ၂ဝ

တမူးပြည်ခိုင်ဖြိုးပါတီနှင့် ပါတီဝင်များတွေ့ဆုံပွဲကို ယမန်နေ့က တမူးမြို့နယ် ခမ်းပါတ်မြို့ အောက်တောင်းကျေးရွာတွင်ပြုလုပ်ခဲ့သည်။ ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ပြည်ခိုင်ဖြိုးပါတီဆောင်ရွက်နေမှုများ၊ ပါတီရေးရာကိစ္စများကို ရှင်းလင်းဆွေးနွေးပြီး ပါတီဝင်များ၏ တင်ပြမေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ တွေ့ဆုံပွဲတွင် ခရိုင်ဥက္ကဋ္ဌနှင့်ကော်မတီဝင် ဦးစေအောင်ပွင့်၊ နယ်အတွင်းရေးမှူး ဦးဇော်မင်း၊ ကော်မတီဝင် ဦးလေးဝင်းနှင့် ကျေးရွာမှပါတီဝင် များ တက်ရောက်ကြောင်း သိရ သည်

Read more

တိုင်းပါတီကော်မတီဝင် သုံးခွကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မအူပင် သြဂုတ် ၂ဝ

ဧရာဝတီ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်းသည် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူး ဦးသန်းစိုးအပါအဝင် မြို့ နယ် ပါတီကော်မတီဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၁ နာရီ၌ မအူပင်မြို့နယ် သုံးခွကျေးရွာအုပ်စု သုံးခွကျေးရွာ ရပ်မိရပ်ဖ ဦးစိုးမြင့်နေအိမ်တွင် ကျင်းပခဲ့ရာ သုံးခွကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့်ရပ်ကျေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

ဂျိုကိုဗစ်က ဖက်ဒဲရာကို အနိုင်ယူပြီး စင်စင်နတီ မာစတာဖလားကို ပထမအကြိမ်ဆွတ်ခူး

 ဂျိုကိုဗစ်သည် ကမ္ဘာ့ နံပါတ် (၂) တင်းနစ်သမား ရော်ဂျာဖက်ဒဲရာကို ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိပြီး ၎င်း၏ ကြီးကျယ်သော   ကစားသမားဘဝတစ်လျှောက် မရရှိဖူးသော စင်စင်န တီမာစတာဖလားကို ပထမဆုံး ကိုင်မြှောက်နိုင်ခဲ့သည်။

Read more

တူရကီက အမေရိကန်သံရုံးမှာ ပစ်ခတ်မှုဖြစ်

အန်ကာရာ၊ သြဂုတ် ၂၁

နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တူရကီနိုင်ငံတို့ တင်းမာမှု အရှိန်မြင့်တက်နေချိန်မှာ တူရကီမြို့တော် အန်ကာရာမှာရှိတဲ့ အမေရိကန်သံရုံးမှာ သြဂုတ် ၂၀ ရက် အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားပေမယ့် သေဆုံးဒဏ်ရာရမှု မရှိဘူးလို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်သံရုံးမှာ သေနတ်ခြောက်ချက် ပစ်ခတ်မှု ဖြစ်ကြောင်း အန်ကာရာအုပ်ချုပ်ရေးမှူးရုံးက ပြောပြီး သုံးချက်ဟာ သံပန်းဂိတ်တံခါးနဲ့ မှန်နံရံတွေကို ထိမှန်တယ်လို့ ဖြည့်စွက်ဆိုပါတယ်။

Read more