မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူး ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

မဘိမ်း သြဂုတ် ၂၇

မိုးမိတ်ခရိုင် ပါတီအတွင်း ရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော် လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ တို့သည် ယမန်နေ့က ပြင်လဟာ ရွာသို့ရောက်ရှိပြီး ဒေသခံပြည်သူ များနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။ တွေ့ဆုံပွဲသို့ ခိုတာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလွင်လွင်ဝင်း၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးများ၊ ဆယ် အိမ်မှူးများ၊ ဒေသခံပြည်သူ ၁၈ဝ တက်ရောက်ခဲ့ကြသည်။

Read more

ဂျူဗင်တပ်စ် လူငယ်အကယ်ဒမီနဲ့ ပူးပေါင်းနေပြီဖြစ်တဲ့ ရော်နယ်လ်ဒို ဂျူနီယာ

ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ သားအကြီးဆုံးဟာ ဂျူဗင်တပ်စ် လူငယ်အကယ်ဒမီ ယူ-၉ အသင်းနဲ့အတူ လေ့ကျင့်မှု စတင်နေပြီဖြစ်တယ်လို့ အီတလီမှ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

Ballon d’Or ကမ္ဘာ့အကောင်းဆုံး (၅)ဆုရှင် အသက် ၃၃ နှစ် ရော်နယ်လ်ဒိုဟာ ဒီနွေရာသီမှာ ရီးယဲလ်မက်ဒရစ်ကနေ အီတလီချန်ပီယံ ဂျူဗင်တပ်စ်အသင်းဆီ ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Read more

စလင်းပြည်ခိုင်ဖြိုးပါတီဆွမ်းဆန်စိမ်းလောင်းလှူ

 

စလင်း သြဂုတ် ၂၇

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဖောင်းလင်းအုပ်စု သမိုင်း ဝင်ရှင်ပင်ရွှေစောလူး စိန်ဖူးတော်တင်လှူပွဲအခမ်းအနားတွင် ယနေ့ နံနက် ၁၁နာရီက ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ မြတ်စွာ ဘုရားရှင်နှင့် ပင့်သံဃာ ၅၄ ပါးကို စလင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ မြို့နယ်တာဝန်ခံ ခရိုင်ကော်မတီဝင်ဦးဝင်းမြိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးခင်မောင်လွင်၊ အတွင်းရေးမှူး ဦးဇော်နိုင်နှင့် ကော်မတီ ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ သွားရောက်၍ ဆွမ်းဆန်စိမ်းများ ကုသိုလ်ဒါနပြုလှူဒါန်းခဲ့ကြကြောင်း သိရသည်။

Read more

ဂျာမနီမှာ လက်ယာစွန်းဝါဒီနဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူများ ဆန္ဒပြထိပ်တိုက်တွေ့မှု ဖြစ်ပွား

ဘာလင်၊ သြဂုတ် ၂၈

ဂျာမနီနိုင်ငံ ကမ်နက်ဇ်မြို့မှာ လက်ယာစွန်းဝါဒီ ဆန္ဒပြသူတွေနဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူတွေကြား ဆန္ဒပြပွဲတစ်ရပ်မှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။

ဆီးရီးယားနဲ့ အီရတ် အမျိုးသားတွေ ကျုးလွန်တယ်လို့ စွပ်စွဲနေလျက်ရှိတဲ့ ဓားကိုင်သတ်ဖြတ်မှုတစ်ရပ် ဖြစ်ပွားပြီးနောက်မှာ လူအုပ်စုတွေဟာ ရွှေ့ပြောင်းဝင်ရောက်သူတွေအပေါ် ပစ်မှတ်ထား ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

Read more

တရုတ်ပြည်မှာ ချမှတ်ထားတဲ့ တစ်အိမ်ထောင် ကလေးနှစ်ယောက် ကန့်သတ်ချက် ဖျက်သိမ်းဖွယ်ရှိ

တရုတ်ပြည်မှာ ကာလကြာရှည် ချမှတ်ထားခဲ့တဲ့ တစ်အိမ်ထောင် ကလေးနှစ်ယောက် ကန့်သတ်ချက်ကို ဖျက်သိမ်းဖွယ်ရှိတယ်လို့ နိုင်ငံပိုင် သတင်းစာက ဖေါ်ပြပါတယ်။ အဲဒီ ကန့်သတ်ချက် မူဝါဒ ကို အဆုံးသတ်မယ့် အဆင်မြင့်တရားရုံးရဲ့ ဥပဒေတရပ် ထွက်ပေါ်လာဖွယ် ရှိတယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။

Read more

ဆိုက်ဘေးရီးယားတောင်ပိုင်းကို အားလပ်ရက် ခြေလျင်ခရီးထွက်လာတဲ့ ရုရှားသမ္မတ ပူတင်

သြဂုတ် ၂၈ ။          ။ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကတော့ ၎င်းရဲ့ ရက်တို အားလပ်ရက်ကာလအတွင်း  သြဂုတ်လ ၂၆ ရက်မှာတော့ ဆိုက်ဘေးရီးယား တောင်ပိုင်းကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၎င်းရဲ့ အားလပ်ရက် ခရီးစဉ်အတွင်းမှာတော့ ပူတင်ဟာ တောင်ကုန်းတွေပေါ် အပျော်ခြေလျင် ခရီးသွားခဲ့တယ်လို့ ဆိုပါတယ်။

Read more

မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံ

 

မြစ်သား သြဂုတ် ၂၇

မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးဆိုင်းဘုတ်တင် အခမ်း အနားများကို ယနေ့ နံနက် ၉နာရီ ၄၅မိနစ်မှစတင်၍ သီလင်ကျေးရွာအုပ်စု၊ ခန္တကြီးကျေးရွာအုပ်စု၊ မုန္တောကြီး ကျေးရွာအုပ်စု၊ ရေဝန်းကျေးရွာ အုပ်စုများအား ဆိုင်းဘုတ်တင်ခြင်းနှင့် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။

Read more

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြဆင့်ပွားသင်တန်းအမှတ်စဉ်(၂)ဖွင့်လှစ်

 

ရန်ကုန် သြဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှနိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြဆင့်ပွား သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးနှင့်တိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီနာယကများ၊ ဗဟိုကော်မတီဝင်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ် ပါတီဥက္ကဋ္ဌများ၊သင်တန်းသားသင် တန်းသူ၉ဝတက်ရောက်ကြသည်။

Read more

မက္ကဆီကိုနဲ့ အမေရိကန် ကုန်သွယ်ရေးသဘောတူညီမှုသစ်ရကာ ကနေဒါအတွက် ဖိအားဖြစ်

ဝါရှင်တန်၊ သြဂုတ် ၂၈

၁၉၉၄ ခုနှစ်က စတင်အသက်ဝင်တဲ့ မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှုကို အစားထိုးပြီး မက္ကဆီကိုနဲ့ မယုံနိုင်စရာ သဘောတူညီမှု ပဋိညာဉ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၂၇ ရက်မှာ ကြေညာပါတယ်။

ဒီအတွက် မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှုမှာ ပါဝင်ခဲ့တဲ့ ကနေဒါနိုင်ငံအတွက် မရေမရာဖြစ်ကျန်ရစ်ပြီး ဖိအားသက်ရောက် ခံရတော့တာပဲ ဖြစ်ပါတယ်။

Read more

ဂရိတွင် တရားမဝင် အဆောက်အဦ အနည်းဆုံး ၃၂၀၀ ဖြိုဖျက်မည်

ဂရိနိုင်ငံ အက်တစ်ကာဒေသထဲမှာ စက်တင်ဘာလလယ်က စပြီး တရားမဝင် အဆောက်အဦ အနည်းဆုံး ၃၂၀၀ ကို ဖြိုဖျက်မယ်လို့ ဂရိ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ဇူလိုင် ၂၃ တောမီးအပြီး သြဂုတ် ၂၄ ရက်က ခုလိုပြောလိုက်တာပါ။

ဖြိုဖျက်မယ့်နယ်မြေထဲကနေ အိမ်ရှင်တွေနဲ့ ဒေသခံတွေ ရွှေ့ပြောင်းပေးကြဖို့ အစိုးရဌာနတွေက သတိပေးစာ ထုတ်ပြန်ခဲ့တာပါ။

Read more