လူငယ်ညီလာခံ(၂ဝ၁၈)အောင်မြင်ခြင်းအထိမ်းအမှတ် လယ်ဝေးမြို့နယ်ပါတီကော်မတီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
နေပြည်တော် ဇွန် ၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို လူငယ်ညီလာခံ (၂ဝ၁၈) ကျင်းပအောင်မြင်ခြင်း အထိမ်းအမှတ်အနေဖြင့် ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေး မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ ကုဋီများ ဆေးကြောခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ မြက်၊ အမှိုက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ ဘဏ္ဍာရေးမှူးဒေါ်သီတာထွေး၊ နေပြည်တော်ခရိုင်ပါတီ ဥက္ကဋ္ဌဦးအောင်နိုင်ဦး၊ လယ်ဝေးမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေ လူငယ်တာဝန်ခံ ဒေါ်သီတာဝင်း၊ မြို့နယ်လူငယ်တာဝန်ခံဦးကျော်သက်နိုင်နှင့် မြို့နယ် လူငယ်အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၅ဝ တို့က စုပေါင်းဆောင်ရွက်ခဲ့ ကြရာ နံနက် ၁၁ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့ရိပ်သာကျောင်းဆရာတော် ဘဒ္ဒန္တဘဒ္ဒိယက ယခုကဲ့သို့ ပါတီအဖွဲ့ဝင်များဆောင်ရွက်ပေးကြသည့်အတွက် သာဓုခေါ်ဆိုပါကြောင်း၊ ယနေ့ အမျိုး၊ ဘာသာ၊ သာသနာကို အထူးစောင့်ရှောက်ရန် လိုအပ် ကြောင်း မိန့်ကြားခဲ့ကြောင်း သိရသည်။
အောင်အောင်(နေပြည်တော်)