မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ပါတီဝင်နှစ်စဉ်ကြေးများစုပေါင်းပေးအပ် တိုင်း ခရိုင် မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီအသီး သီး၏ ပါတီဝင်နှစ်စဉ်ကြေးများ တတိယအကြိမ်မြောက်စုပေါင်းပေး အပ်ပွဲနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ (၁၅) ရက် န့နံနက် ၉နာရီခွဲက တိုင်းဒေသကြီးပါတီရုံးအစည်းအဝေး ခန်းမတွင်ကျင်းပသည်။

တတိယအကြိမ်မြောက် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲ တွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်ကပါတီဝင်များနှစ်စဉ် ကြေးကောက်ခံရသည့်အကြောင်း နှင့်ပတ်သက်၍ အဖွင့် အမှာစကား ပြောကြားပြီးနောက် သက်ဆိုင်ရာ ခရိုင်ခုနစ်ခုမှ ပါတီဝင်ပေါင်း ၁၆၅၄၉ ဦးအတွက် ပါတီနှစ်စဉ် ကြေး ငွေကျပ် ၈၂၇၄၅ဝဝ ကို ခရိုင်ဘဏ္ဍာရေးမှူးများမှတစ်ဆင့် တိုင်းဒေသကြီး ဘဏ္ဍာရေးမှူးထံ သို့ပေးအပ်ခဲ့ကြပြီး ပါတီဝင်နှစ် စဉ်ကြေး အများဆုံးပေးသွင်း သည့် ပထမဆုရ မလှိုင်မြို့နယ်၊ ဒုတိယ ဆုရ သာစည်မြို့နယ်နှင့် တတိယဆုရ ကျောက်ပန်းတောင်းမြို့နယ် တို့ကို တိုင်းဒေသကြီးပါတီမှ ဂုဏ် ပြုဆုများ ချီးမြှင့်ပေးအပ် ခဲ့သည်။
၂ဝ၁၇ခုနှစ်အတွက် ယခု တတိယအကြိမ်မြောက် ပါတီဝင် နှစ်စဉ်ကြေးများပေးအပ်ပြီးသည် အထိ သက်ဆိုင်ရာခရိုင်အသီးသီး မှ ပါတီဝင် ၅၁၅၇၃ ဦးအတွက် ပါတီဝင်နှစ်စဉ်ကြေး ငွေကျပ် ၂၅၇၈၆၅ဝဝ ကို မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီထံသို့ ပေးသွင်းပြီးဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆက်လက်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက ပါတီဗဟိုအလုပ်အမှုဆောင်အစည်း အဝေးမှ လမ်းညွှန်မှာကြားချက် များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ပါတီ ဝင်အင်အားစိစစ်ရေးနှင့် ပါတီဝင် နှစ်စဉ်ကြေးကောက်ခံရရှိမှု အခြေ အနေများကို ရှင်းလင်းမှာကြားခဲ့ ကာ တိုင်းဒေသကြီးပါတီ အတွင်း ရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင် များမှ ကဏ္ဍအလိုက်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းဆွေးနွေး ပြီးနောက် အစည်းအဝေးသို့ တက် ရောက်လာသော ခရိုင်၊မြိ

