
ဇွန်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့အစောပိုင်း၌ အာဖဂန်နစ္စတန်နိုင်ငံရှိ ပက်တီကာ ပြည်နယ်အရှေ့ပိုင်းတွင် ငလျင်လှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူ ၉၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါငလျင်သည် ပါကစ္စတန်နယ်စပ်အနီး ကော့စ်မြို့မှ ၄၄ ကီလိုမီတာအကွာ၌ အနက် ၅၁ ကီလိုမီတာကို ဗဟိုပြုကာလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနမှ ပြောကြားခဲ့သည်။









