
နယူးဒေလီ သြဂုတ် ၃ဝ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် စီးပွားရေးဝန်ကြီး ပန်နီပရစ်ဇ်ကာ တို့သည် အင်္ဂါနေ့က အိန္ဒိယအစိုးရ နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နှစ်ရက်တာ ဆွေးနွေးပွဲကိုစတင်ခဲ့ပြီး ကတ်ရှ်မီးယားဒေသနှင့်ပတ်သက်၍ ပါကစ္စတန်နှင့် ဆွေးနွေးပွဲများပြုလုပ်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကယ်ရီသည် နယူးဒေလီသို့ တနင်္လာနေ့ညက အမေရိကန်- အိန္ဒိယမဟာဗျူဟာ မြောက် နှစ်ပတ်လည်နေ့အတွက် ရောက်ရှိခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။








