ယခင်နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးတို့ကို ၎င်းတို့ရာထူးများတွင် ဆက်ခန့်ကာ တူနီးရှားဝန်ကြီးချုပ် ယူဆက်ဖ် ချာဟက်က ရင်းနှီးမြှုပ်နှံမှု အရာရှိဟောင်း တစ်ဦးကို ဘဏ္ဍာရေးဝန်ကြီးအဖြစ်ခန့်အပ်၍ ၎င်း၏ အစိုးရအဖွဲ့သစ် ဖွဲ့စည်းကြောင်း စနေနေ့က ကြေညာလိုက်သည်။

ယခင်နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးတို့ကို ၎င်းတို့ရာထူးများတွင် ဆက်ခန့်ကာ တူနီးရှားဝန်ကြီးချုပ် ယူဆက်ဖ် ချာဟက်က ရင်းနှီးမြှုပ်နှံမှု အရာရှိဟောင်း တစ်ဦးကို ဘဏ္ဍာရေးဝန်ကြီးအဖြစ်ခန့်အပ်၍ ၎င်း၏ အစိုးရအဖွဲ့သစ် ဖွဲ့စည်းကြောင်း စနေနေ့က ကြေညာလိုက်သည်။

ဆိုးလ် သြဂုတ် ၂၂
မြောက်ကိုရီးယားနိုင်ငံ၏ တိုက်ခိုက်မှုများကို တန်ပြန်ရန် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံမှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာသည် တနင်္လာနေ့တွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေကြပြီဖြစ်ကြောင်း သိရသည်။

မီတူ သြဂုတ် ၂၀
တိုင်းပြည်တွင် နှစ်ပေါင်း ၅၀ ကျော်ကြာညောင်းခဲ့ပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများကို ခံစားခဲ့ကြရသော ဒုက္ခသည် ရှစ်သန်းကျော်အတွက် တစ်ဦးချင်းစီကို ကိုယ်စားပြုကာ သစ်ပင်ရှစ်သန်း စိုက်ပျိုးမည်ဖြစ်ကြောင်း ကိုလံဘီယာနိုင်ငံက ကနဦးအစီအစဉ်များကို ချပြခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားတွင် စီးပွားရေးလုပ်ငန်းများ အားရကျေနပ်ဖွယ်မရှိသော်လည်း လွန်ခဲ့သောနှစ်များအတွင်း ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်ခဲ့သည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် တောမီးများအရှိန်ပြင်းစွာ ကူးစက် လောင်ကျွမ်းနေ သည့်နောက် လူပေါင်း သောင်းဂဏန်းမျှ ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့ရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅ဝ က ဗီယက်နမ်တပ်ဖွဲ့များ နှင့် သြစတြေးလျတပ်ဖွဲ့များအကြား တိုက်ပွဲဆင်နွှဲခဲ့သည့် Long Tan စစ်မြေပြင်နေရာဟောင်း၌ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခွင့်ပြုရန် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Malcolm Turnbull ၏ သြဂုတ်လ ၁၇ ရက် ညပိုင်းက ကြားဝင်မေတ္တာရပ်ခံမှုကို ဗီယက်နမ်နိုင်ငံက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

Long Tan လက်ဝါးကပ်တိုင်၌ ၂ဝ၁၁ခုနှစ်က ဗီယက်နမ်စစ်ပြန်များ အလေးပြုနေစဉ်(ဓာတ်ပုံ-အင်တာနက်)

သြဂုတ် ၁၉
လူပေါင်း ၁,၅၀၀ ကျော် သေဆုံးထားခဲ့ပြီဖြစ်သော ဖိလစ်ပိုင်အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ သမ္မတ ရိုဒရီဂို ဒူတာတေးနှင့် ကုလသမဂ္ဂတို့အကြား အပြန်အလှန် ပြစ်တင်ပြောဆိုမှုများ အရှိန်မြင့်လာ နေလျက်ရှိသည်။

လွန်ခဲ့တဲ့ ၆ လကျော်အတွင်း အကြမ်းဖက်မှုအတွက် လှုံ့ဆော်ရေးသားခဲ့တဲ့ Twitter အကောင့် နောက်ထပ် ၂သိန်း ၃သောင်းခွဲ ကို သုံးစွဲခွင့် ယာယီ ပိတ်ထားကြောင်း Twitter လူမှုကွန်ယက် မီဒီယာကုမ္ပဏီက ကြာသာပတေးနေ့က ကြေညာလိုက်ပါတယ်။ Twitter အကောင့် ၃သိန်း ၆သောင်းကို ၂၀၁၅ နှစ်လယ်ပိုင်းကစလို့ ယာယီ ပိတ်ပစ်ခဲ့တယ်လို့ Twitter ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဝါရှင်တန်၊ သြဂုတ် ၁၉
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက တရုတ်နိုင်ငံတွင် ကျင်းပမည့် G 20 ထိပ်သီးဆွေးနွေးပွဲသို့ လာရောက်မည့် ခရီးစဉ်နှင့်အတူ လာအိုတွင် စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည့် ထိပ်သီးညီလာခံများသို့ တက်ရောက်မည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

(ဓာတ်ပုံ – အီးပီအေ)
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်မှုများရာ နေရာတွေမှာ ပြီးခဲ့တဲ့အပတ်က ဗုံးခွဲတိုက်ခိုက်မှု များမှာ ပါဝင်ပတ်သက်တဲ့လူ (၁၅) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့က ပြောပါတယ်။
ဖမ်းဆီးထားတဲ့ သံသယရှိသူတွေကို ဘန်ကောက်ရှိ စစ်တပ်အခြေစိုက်စခန်းမှာ ထိန်းသိမ်းထားကြောင်း စစ်ဘက် ထိပ်တန်းဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ် Burin Tongprapai က EFE သတင်းဌာနကို ပြောပါတယ်။