
နယူးယောက် စက်တင်ဘာ ၂၂
ဂျီ-၇ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများသည် မြောက်ကိုရီးယားကို တင်းကျပ်စွာအရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန်သဘောတူခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်အား နျူကလီးယားကင်းစင်သော ကျွန်းဆွယ်ဖြစ်ရေး ကြိုးစား ဆောင်ရွက်နေ ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂ဝ ရက်က နယူးယောက်တွင် ကျင်းပသော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရိုကီ ရှီဒါက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။












