
အင်ဒိုနီးရှားနိုင်ငံရှိ အပျော်ခြေလျင်ခရီးထွက်မှု များပြားတဲ့ နေရာတစ်ခုမှာ မီးတောင်ပေါက်ကွဲခဲ့မှုကြောင့် နိုင်ငံခြားသားအများစု အပါအဝင် ခရီးသွား ၄၀၀ နီးပါးကို ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လွမ်ဘွတ်ခ်ကျွန်းပေါ်ရှိ ဘာရူဂျာနီမီးတောင်မှာ စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းမှာ စတင်ပေါက်ကွဲခဲ့ပြီး မီးတောင်အထက် ၁.၂ မိုင်အကွာအထိ မီးခိုးနဲ့ ပြာမှုန်များ ထွက်ရှိခဲ့ကြောင်း သိရပါတယ်။









