
ဖိလစ်ပိုင် နိုင်ငံရှိ မေယွန်မီးတောင် လှုပ်ရှားမှုများကြောင့် အနီးအနားမှ ဒေသခံ သောင်းနှင့်ချီပြီး အရေးပေါ် ရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။
ကယ်ဆယ်ရေး ဌာနက မေယွန်မီးတောင် အနီးတဝိုက် ဧရိယာများမှ လူပေါင်း ၃၄၀၀၀ ထက်မနည်းကို ချက်ချင်း ရွှေ့ပြောင်းနိုင်ရန် ကူညီပေးနေကြောင်း ကြေညာသည်။ ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်တိုင်းတာရေး ဌာနက နိုင်ငံ အရှေ့မြောက်ပိုင်း၊ အယ်လ်ဘေး ခရိုင်ရှိ မေယွန်မီးတောင်မှ ယိုဖိတ် စီးကျလာသည့် ချော်ရည်များသည် ၁.၂ မိုင်မျှ အကွာအဝေးထိ ရောက်ရှိနေပြီဟု သတိပေးထားသည်။









