
တူရကီ စစ်တပ်နှင့် ကာ့ဒ်ပြောက်ကျားများ၏ တိုက်ပွဲအတွင်း အမေရိကန် တပ်ဖွဲ့ဝင်များ ကြားညပ်မည့် အခြေအနေ ကြုံနေရကြောင်း အမေရိကန် စစ်ဘက်က အတည်ပြု ပြောကြားခဲ့သည်။
ဆီးရီးယား မြောက်ပိုင်းတွင် ယခုသီတင်းပတ် အစောပိုင်းမှစ၍ တူရကီ ခြေလျင်တပ်များ ဝင်ရောက်လာပြီး ကာ့ဒ်ပြောက်ကျားတပ်ဖွဲ့ YPGကို စစ်ခင်း တိုက်ခိုက်လျက် ရှိသည်။ တူရကီ တပ်များက ဆီးရီးယားပိုင် မန်ဘစ်ဂ်ျမြို့ထိ ချီတက်သွားမည်ဟု ကြေညာထားပြီး ထိုမြို့တွင် အမေရိကန်စစ်သည် ရာဂဏန်းမျှ တပ်စွဲထားသည်။








