
ရုရှား ရေငုပ်သင်္ဘော တစ်စီးသည် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သည့် တိုက်ချင်းပစ် ဒုံးကျည် လေးစင်းကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်ပြခဲ့သည်။
နျူကလီးယား စွမ်းအင်သုံး Yuri Dolgoruky ရေငုပ်သင်္ဘောသည် ပင်လယ်ဖြူရှိ လက်နက် စမ်းသပ်ရာ ရေပြင်ဧရိယာတွင် Bulava တိုက်ချင်းပစ် ဒုံးကျည် လေးစင်းကို ရာနှုန်းပြည့် အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားရေတပ်က မေ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။









