
နျူကလီးယားလက်နက်ကသာ ကမ္ဘာစစ်ဖြစ်မှုကိုတားဆီးပေးနိုင်မည်ဟု ရုရှားပြော
=============================
နျူကလီးယားလက်နက်များကသာလျှင် ကမ္ဘာစစ်ပွဲဖြစ်ပွားမှုကို တားဆီးပေးနိုင်မည့် တစ်ခုတည်းသောအရာဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဇွန်လ ၂၄ ရက်တွင် ပြောသည်။
လက်ရှိတွင် တစ်ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးမှာ နည်းလမ်းမျိုးစုံဖြင့် ပျက်စီးယိုယွင်းလာနေကြောင်း၊ နျူကလီးယား အဟန့်အတားမှလွဲ၍ ကမ္ဘာကြီးတွင် စစ်ပွဲဖြစ်ပွားမှုကို တားမြစ်နိုင်သည့် အရာမရှိကြောင်း ဒီမီထရီပက်စကော့က Primakov Readings ဖိုရမ်၌ပြောသည်။









