
တောင်ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့ ၁၂ ကြိမ်မြောက်နဲ့ ၁၃ ကြိမ်မြောက် EPS စာမေးပွဲ အောင်မြင် ထားတဲ့ လုပ်သား ၄၀၀၀ ကျော်ထဲက ၂၀၀၀ ကျော် စေလွှတ်ထားပြီးဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA)ကနေ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့ ၁၂ ကြိမ်မြောက်နဲ့ ၁၃ ကြိမ်မြောက် EPS စာမေးပွဲ အောင်မြင် ထားတဲ့ လုပ်သား ၄၀၀၀ ကျော်ထဲက ၂၀၀၀ ကျော် စေလွှတ်ထားပြီးဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA)ကနေ သိရပါတယ်။

လာမည့် (ဇူလိုင် ၁ ရက်)မှစတင်၍ မီတာခများတိုးမြှင့်ကောက်ခံမည်ဆိုသော ထွက်ပေါ်နေသည့်သတင်းမှာ အမှားသာဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဇွန် ၁၄ ရက် မွန်းလွဲပိုင်းက အသိပေးထုတ်ပြန်ထားသည်။
လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် မီတာခများ တိုးမြှင့်ကောက်ခံမည်ဆိုသည့်ထုတ်ပြန်ချက် မှာ ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်သာဖြစ်ကြောင်း YESC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

လယ်ဝေးမြို့နယ်၊ဗောဓိကုန်းကျေးရွာ၏ ဗောဓိကုန်းမီးပွိုင့်အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ ကွမ်းယာဆိုင်အနီး တွင် ဇွန် ၁၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က လက်လုပ်မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အရှေ့ဘက်ခြမ်းတွင် ဗောဓိကုန်းကျေးရွာနေ မငုဝါ(၃၀)နှစ် ရောင်းချသည့် ကွမ်းယာဆိုင်အနီး၌ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

(၁၃-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၄၁၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၈) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၂) ရာခိုင်နှုန်း ရှိပါသည်။

မိုးမိတ် ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့၊ မြို့ဦးစေတီအနီးရှိ ဘိုးဘွားရိပ်သာတွင် ဆောက်လုပ်နေသော ဘိုးဘွား တစ်ဦးနေ အခန်းတစ်ခန်းအတွက် မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးမြင့်မိသားစုမှ အလှူငွေ (၁၆)သိန်းကျပ်တိတိအား ဘိုးဘွာရိပ်သာဦးဆောင်တည်ထောင်သူ ဆရာလေးထံ သွားရောက် လှူဒါန်းခဲ့ပါသည်။

ဇွန် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ ICAPP အမြဲတမ်းကော်မတီဝင် ဦးတင်ဦးလွင် သည် အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေးပါတီများညီလာခံ(ICAPP) မှ ကျင်းပသည့် Asia-Europe Think Tank Summit အား ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် Video Link ဖြင့် တက်ရောက်ခဲ့ပါသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းတာဝန်ရှိသူများက စစ်ဆေးမေးမြန်းနေစဉ်

ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီး သီး၌ ၂၀၂၂ ပညာသင်နှစ် အဝေးသင် သင်တန်းအတွက် ဇွန် ၁၃ ရက်မှစတင်ကာ ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
၂၀၂၂ ပညာသင်နှစ်၊အဝေးသင် သင်တန်း ပထမနှစ်(၂၀၁၉ အောင်)များ၊ဒုတိယနှစ်၊တတိယနှစ်များအတွက် ကျောင်းအပ်ရန်ကျန်ရှိသူများနှင့်ပ ထမနှစ်(၂၀၂၀ အောင်)သင်တန်းများအား တက်ရောက်သင်ကြားမည့်သူများ အတွက် အဆင့်မြင့်ပညာဦးစီးဌာနမှ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

(၁၂-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၃၇၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၂) ရာခိုင်နှုန်း ရှိပါသည်။

ရန်ကုန်စက်သုံးဆီဈေးကွက်မှာတော့ ဇွန် ၁၃ ရက် ပေါက်ဈေးအရ ဓာတ်ဆီအောက်တိန်း 92 တစ်လီတာကို ၂၃၀၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ကျပ်၂၃၇၀ ရှိနေပြီး အမြင့်ဈေးမှာ ဆက်ရှိနေတာဖြစ်ပါတယ်။ ဒီဈေးနှုန်း တွေဟာ ရန်ကုန်စက်သုံးဆီဈေးကွက်မှာ အမြင့်ဆုံးစံချိန် ဈေးနှုန်းတွေလည်း ဖြစ်ပါတယ်။ ရန်ကုန်က ဒီဇယ် ဈေးနှုန်းတွေဟာဆိုရင်လည်း ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ်၂၆၁၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကို ကျပ်၂၆၄၀ အထိ ရှိနေတာဖြစ်ပါတယ်။