နှစ်နိုင်ငံအကြား နယ်နိမိတ် ပြန်လည်တိုင်းတာရန် မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇွန် (၂၉) ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
လွိုင်ကော်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်း အဝေးကို ယနေ့ (ဇွန်လ ၃၀ ရက်) နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။

မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၉) ရက် နံနက် (၉) နာရီအချိန်က မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ ကျင်းပပြုလုပ် ရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ တိုင်းဒေသကြီး ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီ ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက် အားပေး
ခဲ့ကြသည်။
မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ကော်မတီ ပြန်လည်ရွေးခြယ်ပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်းအဝေးကို ယခုလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

သာယာဝတီပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေး တက်ရောက်အမှာစကား ပြောကြား
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို မြို့နယ်ပါတီရုံး ရွှေသီဟခန်းမ၌ ဇွန် (၂၈) ရက် နံနက် (၉) နာရီက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးသန်းဌေးတက် ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

စဥ့်ကူးပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး တိုင်းပါတီဥက္ကဋ္ဌ တက်ရောက် အားပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၉) ရက် နေ့လည် (၁) နာရီအချိန်က စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များ မှ တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြသည်။
လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီမျက်နှာ စုံညီအစည်းအဝေးကျင်းပ
ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၈) ရက် နံနက် (၁ဝ) နာရီက လယ်ဝေးမြို့ အမှတ်(၇)ရပ်ကွက် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ ပါတီပြန်လည် ပြင်ဆင် ရွေးချယ်ရေးအဖွဲ့(၂) နာယက ဦးဇင်ယော်နှင့်အဖွဲ့ဝင်များ၊ နေပြည်တော်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော် မတီဝင် လယ်ဝေးမြို့နယ် တာဝန်ခံ ဦးဇော်အောင်နှင့် ကော်မတီဝင်များ၊ လယ်ဝေးမြို့နယ် အတွင်းရေးမှူး ဦးသိန်းတိုးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ကျေးရွာအုပ်စု ၆၇ အုပ်စု မှ ကိုယ်စားလှယ်များ တက် ရောက်ကြသည်။
အင်းတော်မြို့နယ်ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ပါတီဒုတိယဥက္ကဋ္ဌ တက်ရောက်
ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ)သူရဦးအေးမြင့်သည် ယခုလ ၂၇ ရက် နံနက် ၈နာရီ ခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်တွင် ကျင်းပသည့် အင်းတော်မြို့နယ် ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန်အမှာ စကားပြောကြားသည်။ (more…)
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သင်္ဃန်းကျွန်းမြို့နယ် ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်အားပေးချီးမြှင့်
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်ပါတီ ပြန်လည်ပြင်ဆင်ရွေးချယ် ပွဲအခမ်းအနားကို ဇွန်လ (၂၉) ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပါတီရုံး၌ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦး တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
ဘဏ္ဍာရေးနှင့် ကမ္ဘာ့ငွေကြေးဈေးကွက်ဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း ဟောပြောပွဲကျင်းပမည်

ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပညာရပ်၏ အရေးပါပုံနှင့် ကမ္ဘာ့ငွေကြေးဈေးကွက်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို သိရှိစေရန် ရည်ရွယ်၍ MIND Investment Institute မှ ကြီးမှူး၍ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၃ ရက်၊ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ UMFCCI ရှိ Mingalar Hall ၌ ဟောပြောပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။



