ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၃) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၃) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်ပါတီကော်မတီ ပြင်ဆင်ဖွဲ့စည်းရေးအခမ်းအနားကို ဇူလိုင်လ (၄) ရက် နံနက် (၉) နာရီချိန်တွင် မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ခရိုင်တာဝန်ခံ ဦးစိုင်းလုံ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးရှာမွေလှရှဲန်၊ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးစောမူးလာနှင့် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်အောင်ကြည် နှင့် မြို့နယ်ပါတီကော်မတီဝင်များ စုံညီစွာ တက်ရောက် ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ဇူလိုင်လ (၄) ရက် နံနက်ပိုင်းက ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းထားသော မြို့နယ်ပါတီ ကော်မတီများ၊ မြို့နယ်ပါတီအရန်ကော်မတီများ အစည်းအဝေး(၁/၂၀၁၆) ကို ကျင်းပ ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအရန်ကော်မတီဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့က လိုအပ်သည်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသူများ တစ်ဦးချင်းစီအလိုက် မိတ်ဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် မြို့နယ်ပါကော်မတီ အသစ်များရွေးချယ်ပွဲကို အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ တွင် ဇူလိုင်လ (၃) ရက် နံနက် (၉) နာရီက ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ နာယက(ဗဟိုကော်မတီဝင်) ဦးခင်မောင်စိုး တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကို ဇူလိုင်လ (၃) ရက် မွန်းလွဲ (၂) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
ယခုလပိုင်းအတွင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးမည်ဟု လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်တွင် အစီအစဉ်မရှိသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ (more…)
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တောင်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုများပြီး ကျေးရွာတချို့၌ ရေလျှံမှုနှင့် ရင်ဆိုင်နေရသဖြင့် စာသင်ကျောင်းတချို့အား ဇူလိုင် (၄) ရက်က ယာယီပိတ် ထားကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ တွေ့ဆုံရန် နေ့ရက်ကို အတိအကျ မသတ်မှတ် နိုင်သေးကြောင်း သတင်းရရှိသည်။
ဇူလိုင် ၄ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေးဆပ် ကော်မတီ အစည်းအဝေး အပြီးတွင်‘‘ကျွန်တော်တို့ ဒီနေ့အထိတော့ ချိတ်ဆက်ပြီးတော့မှ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖွဲ့နဲ့ UNFC ခေါင်းဆောင်ပိုင်းတွေနဲ့က ခန့်မှန်းခြေအားဖြင့်တော့ ဒီလ ၁၈ ရက် လောက်မှာ တွေ့ဆုံဖြစ်မယ်ဆိုတဲ့ အနေအထားရှိပါတယ်။ တွေ့ဖို့ကတော့ ရန်ကုန်မှာပဲ ဖြစ်ဖို့များပါတယ်’’ဟု ကော်မတီဝင် ဦးခက်ထိန်နန်က ပြောသည်။
ရန်ကုန်မြို့တွင်း ဆင်ဆာစနစ်သုံး မီးပွိုင့်များတပ်ဆင်ရန် သတ်မှတ်ထားသည့် ဩဂုတ်လ (၁) ရက်တွင် မပြီးပါက လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားသည့် ကုမ္ပဏီကို နေ့စဉ် တစ်ရက်လျှင် ကျပ် တစ်သိန်း ဒဏ်ရိုက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တိုင်းဒေသကြီး နှင့်ပြည်နယ်သုံးခုတွင် ရေဖုံးလွှမ်းနိုင်သည့်အလားအလာများ မြင့်မားနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။ (more…)