
မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက မိုဘိုင်း ဆင်းမ်ကတ်များကို မှတ်ပုံတင်၍ အသုံးပြုရန် ညွှန်ကြားလိုက်ခြင်းကြောင့် ၁၉၉ Call Center သို့ နောက်ပြောင် သတင်းပေးပို့မှုများကို အရေးယူတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။ ဆက်သွယ်ရေးဦးစီးဌာနမှ ပြည်တွင်း အော်ပရေတာသုံးခု၏ ဆင်းမ်ကတ်များကို ၂၀၁၇ မတ် လ ၃၁ ရက် နောက်ဆုံးထား၍ မှတ်ပုံတင်ရန် ညွှန်ကြားထားပြီး ထိုသို့ ပြုလုပ်ပြီးပါက ၁၉၉ Call Center သို့ နောက်ပြောင်ခေါ်ဆို မှုများ၊ သတင်းအမှား ပေးပို့မှုများ ကို ဖမ်းဆီးအရေးယူရန် ဆောင် ရွက်မည်ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးလှဝေကပြောသည်။








