
နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်မည့် အစည်းအဝေးကို ရန်ကုန်မြို့တွင် ဩဂုတ် ၁၁ ရက်မှစ၍ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း ပင်လုံအကြိုပြင်ဆင် ရေးကော်မတီမှ သတင်းရရှိသည်။ ဩဂုတ် ၁၁ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများ ပါဝင်၍ မူဘောင် သုံးသပ်သည့် အစည်းအဝေးကို ဦးစွာပြုလုပ် မည်ဖြစ်သည်။ ဩဂုတ် ၁၂ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မူဘောင်သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ပြီး နောက်တစ်ရက်၌ အစုအားလုံးပါဝင်သည့် အစည်းအဝေးကို ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း ပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကပြောသည်။






