ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ပုဂံဘုရားများအနက်မှ စေတီ အမှတ် ၄၃၂ တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ သန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်လျှက်ရှိသည်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ပုဂံဘုရားများအနက်မှ စေတီ အမှတ် ၄၃၂ တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ သန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်လျှက်ရှိသည်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းလွင်မှ သြဂုတ်လ (၂၈) ရက်က မြို့နယ်ပါတီရုံး၌ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များနှင့် တွေ့ဆုံ၍ ၂၁-၈-၂၀၁၆ မှ ၂၄-၈-၂၀၁၆ ထိ ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံတွင် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များနှင့် ညီလာခံမှ ချမှတ်လိုက်သော ရှေ့လုပ်ငန်းစဉ် (၇)ရပ်အား ရှင်းလင်း ပြောကြားပြီး အကောင်အထည်ဖော်ဆောင်ရန်အတွက် ဆွေးနွေးချက်များ၊ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယကအဖွဲ့ဝင် ဦးဌေးဦးသည် သြဂုတ်လ (၂၇) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ကော်မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီမှဆောင်ရွက်ခဲ့သော နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

Credit – Myint Naing Oo
သြဂုတ်လ (၂၈) ရက် နံနက် (၈) နာရီအချိန် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ကမ္မမြို့ အမှတ်(၂) လက်ပြရပ်ကွက်တွင် ရေနံပိုက်လိုင်းမှ ရေနံယိုစိမ့်မှုတခုဖြစ်ပွားခဲ့ပါသည်။


ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ပါတီဥက္ကဌ ဦးမျိုးမင်းထွဋ် နှင့် မြို့နယ်ပါတီကော်မတီဝင်များ အဖွဲ့သည် (၂၈.၈.၂၀၁၆) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် ကြံခင်း မြို့နယ် ပေါက်နွယ်စမ်းအုပ်စု သရက်တောကျေးရွာတွင် ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တံတားအမိုး-လမ်းဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူလူထု လိုအပ်ချက်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ဒေသခံများနှင့် ရင်းနှီးစွာ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ပင်မြိုင်ကျေးရွာ ရွှေပင်မြိုင်တောရ ကျောင်းအတွင်း ရှေးဟောင်း တ- တိုင်းပြည့်စေတီ၏ ထီးတော်သည် ဧပြီလအတွင်း လေပြင်းတိုက်ခတ် သဖြင့် မြေခပျက်စီးခဲ့ရာ အဆိုပါ ထီးတော်အသစ် ပြန်လည်တင်လှူ ရန် ကျောင်းတိုက်ပဓာနနာယက မေတ္တာရှင် သင်္ချိုင်းရာကျော်ဆရာ တော် အရှင်နန္ဒဝံသအမှူးပြု၍ ယမန်နေ့ နံနက်ပိုင်းတွင် မြို့တွင်းသို့လှည့်လည်အပူဇော်ခံပြီး ပင်မြိုင်ကျေးရွာသို့ ပင့်ဆောင်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဥာဏ်ဝင်း ဦးဆောင်သည့် မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ စုပေါင်းမှုဖြင့် (၂၈.၈.၂၀၁၆) နေ့တွင် ထန်းတပင်မြို့နယ်နှင့် ညောင်တုန်း မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ဆန်နှင့် အ၀တ်အထည်များ သွားရောက်လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
#Yangon Thar
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော တိုင်းရင်းဆေး ၅ မျိုးတွင် အနောက်တိုင်းဆေးများ ရောနှော ထုတ်လုပ် ထားသည့်အပြင် တိုင်းရင်းဆေးဝန်းမှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးများဖြစ်သဖြင့် စစ်မှန်အစွမ်ူထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများ ပြည်သူများ သုံးစွဲရန် မသင်လျြောက်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ရေဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် လူငယ်များစုပေါင်း၍ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ အလှူခံထွက်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သီရိပျံချီ ဦးဌေးဦး ဇနီး ဒေါ်နီနီဝင်း မိသားစုမှ အလှူငွေ ၅ သိန်း၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့် မိသားစုမှ အလှူငွေ ၁ သိန်း၊ ဗဟိုကော်မတီဝင် ဆရာကြီး ဦးခင်မောင်ရီမိသားစုမှ အလှူငွေ ၂ သောင်း၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီ မှ အလှူငွေ ၅ သောင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ ၅ သောင်း အသီးသီး ပါဝင်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
၂၀၁၄ ခုနှစ်က တပ်မတော်(လေ)မှ MiG 29 UB ပျက်ကျမှု သတင်းဟောင်းကို ပြန်လည်ထုတ်လွှင့်ခဲ့သည့် ရွှေသံလွင်လုပ်ငန်းစုပိုင် MNTV ရုပ်သံလိုင်းအား တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၂၈ ရက်နေ့ည သတင်းထုတ်လွှင့်အပြီးတွင် သတိပေးထုတ်ပြန်ခဲ့သည်။
