ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ဗန်းမော် ဇူလိုင် ၂၀

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး၌ ပါတီနာယက၊ ပြည်နယ်အရံ ကော်မတီဝင်(ဗန်းမော်မြို့)တာဝန်ခံ၊ ခရိုင်၊မြို့နယ်ဥက္ကဌ၊အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရုံးအဖွဲ့များပါဝင်၍ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

 


ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ရန်ကင်း ဇူလိုင် ၂၀

ရန်ကင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့်ကော်မတီဝင်များမှ ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။


တောင်ငူခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး နေရာထိုင်ခင်းနှင့် ရိက္ခာအခက်အခဲများ ရင်ဆိုင်နေရ

တောင်ငူခရိုင် ဒေါ်ဖခိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာတိမ်း ရှောင်နေရပြီး နေရာထိုင်ခင်းနှင့် ရိက္ခာအခက်အခဲများ ရင်ဆိုင်နေရကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ဇူလိုင် ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

တောင်ကိုရီးယားသို့ မြန်မာလုပ်သားသစ် ၁၅၀ ထပ်မံသွားရောက်

တောင်ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ တရားဝင် အလုပ်သမားများကို ပြန်လည်လက်ခံလျက်ရှိရာ ဇူလိုင် ၁၉ ရက်တွင် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၅၀ ကို ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းတို့ကို တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ခြင်း လိုအပ်သည်များ ကူညီပံ့ပိုးပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Suzuki Myanmar ကထုတ်လုပ်မှုခေတ္တရပ်ဆိုင်းထားရဟုထုတ်ပြန်

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် တပ်ဆင်ထုတ်လုပ်မယ့် ကားအစိတ်အပိုင်းတွေကို ပြည်ပက တင်သွင်းရာမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် Suzuki(Myanmar) Motor Co;Ltdနဲ့ Suzuki Thilawa Motor Co;Ltdတို့ရဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားရတယ်လို့ ထုတ်ပြန်ပါတယ်။

အဲ့ဒါကြောင့် အရောင်းပြခန်းတွေမှာ ဝယ်ယူသူတွေက စာရင်းသွင်းမှာယူထားတဲ့ ကားတွေကို လွှဲအပ်ဖို့ ကြန့်ကြာနေပြီး ကားအပ်နိုင်မယ့်အချိန်ကာလကို အတိအကျမပြောနိုင်တဲ့အတွက်လည်း တောင်းပန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကာတာအခြေစိုက် Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းကိုရောင်းချရန် ဆွေးနွေး နေသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြ

ကာတာအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Ooredoo သည် မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းကို ရောင်းချရန် ဆွေးနွေးလျက်ရှိကြောင်း အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ သိရှိထားသော သတင်းရင်းမြစ်နှစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဒိုဟာအခြေစိုက် Ooredoo ကုမ္ပဏီအနေဖြင့် လုပ်ငန်းရောင်းချမည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (Myanmar’s Posts and Telecommunications Department) ထံ အကြောင်းကြားထားသည်ဟု အဆိုပါ သတင်းရင်းမြစ်များက ဆိုသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၆) ဦး တွေ့ရှိ

(၁၉-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၁၀၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၃၁) ရာခိုင်နှုန်း ရှိပါသည်။

ပြင်ဦးလွင်ပြည်ခိုင်ဖြိုးက (ဆဌမ)အကြိမ်ဗဟိုကော်မတီအစည်းဝေးအတွေ့အကြုံရှင်းလင်း

ပြင်ဦးလွင် ဇူလိုင် ၁၈

ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဆဌမ)အကြိမ်ဗဟိုကော်မတီအစည်းဝေး၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ထပ်ဆင့်ရှင်းလင်းပွဲနှင့် မြို့နယ်ကော်မတီဝင်များလပတ်ညှိနိုင်းတွေ့ဆုံပွဲကို ဇူလိုင်လ ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့သည်။


ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၃၆၀၀၀ ကျော်ကို အလုပ်သမား သက်သေခံကတ်များ ထုတ်ပေးနိုင်ခဲ့ဟုဆို

အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်မှ ၂၀၂၂ ခုနှစ်နှစ် ဇွန်လ အထိ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၃၆၀၀၀ ကျော်ကို အလုပ်သမား သက်သေခံ ကတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန စာရင်းများအရ သိရသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၇) ဦး တွေ့ရှိ

(၁၈-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၁၂၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၃၃) ရာခိုင်နှုန်း ရှိပါသည်။