ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်မည့် မြန်မာအလုပ်သမား ၂၂ ဦးကို ထိုင်းနိုင်ငံ စွန်ခရာခရိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်၊ ညပိုင်းတွင် မလေးရှား-ထိုင်းနယ်စပ်တစ်ခုဖြစ်သည့် စွန်ခရာခရိုင်၌ ထိုင်းအာဏာပိုင်များက ကားလေးစီးကို ဖမ်းဆီးခဲ့ရာ ကားနှစ်စီးကိုသာ ဖမ်းဆီးရမိခဲ့ပြီး ကျန်ကား နှစ်စီးမှာ ထွက်ပြေးခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့်ကားနှစ်စီးအနက် တစ်စီးမှာလမ်းကြောင်းရှင်း လမ်းကြောင်းကြည့် ကားသာဖြစ်ပြီး ကျန်ကားတစ်စီး၏အနောက်ခန်းထဲတွင် တရားမဝင်လိုက်ပါလာသည့် မြန်မာအလုပ်သမား ၂၂ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။