4.11.2016
လက်ပံတန်းမြို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ညီကိုမောင်နှမများလောကမာန်အောင်ရွှေဘုန်းရောင်စေတီတော်မြတ်တွင်ပန်းရေးချမ်းဆီမီးတိုင်များထွန်းညှိပူဇော်ရင်ပြင်တော်သန့်ရှင်းရေးအားစုပေါင်းကုသိုလ်ယူခဲ့ပါတယ်
4.11.2016
လက်ပံတန်းမြို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ညီကိုမောင်နှမများလောကမာန်အောင်ရွှေဘုန်းရောင်စေတီတော်မြတ်တွင်ပန်းရေးချမ်းဆီမီးတိုင်များထွန်းညှိပူဇော်ရင်ပြင်တော်သန့်ရှင်းရေးအားစုပေါင်းကုသိုလ်ယူခဲ့ပါတယ်
၂.၁၂.၂၀၁၆ ရက်နေ့၊ နံနက်(၉း၀၀) နာရီတွင် ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ မြက်ခင်းပြင်တွင် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ လူငယ်ရေးရာလှုပ်ရှားမှု ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ပါသည်။
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်လိုက်သော ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်း သတ်မှတ်ချက်များကြောင့် ၂၀၁၇ ခုနှစ်တွင် ကားအသစ်ဝယ်လိုသူများ အနေနှင့် ကျပ်သိန်း ၃၀၀ နီးပါးအသုံးပြုနိုင်မှ ကားအသစ်စီးနိုင်မည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်း ရောင်းချသူများအသင်းမှ ဒေါက်တာစိုးထွန်းက News Watch ကို ပြောကြားသည်။ (more…)
ချင်းတိုင်းရင်းသားများ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၇ ဇန်နဝါရီတွင် ချင်းပြည်နယ် ဟားခါးမြို့၌ ပြုလုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ချင်းနိုင်ငံရေးပါတီ ကိုယ်စား လှယ်များက ပြောကြားသည်။ (more…)
မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားကိုးမျိုးကို အရောင်သုံးမျိုးဖြင့် ခွဲခြားကာ ထုတ်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးအဖွဲ့မှ သိရသည်။ (more…)
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂-၁၃ ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ မောင်တော ဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှုများအပေါ် ဖြစ်ပွားရသည့် နောက်ခံအခြေအနေများနှင့် အဖြစ်မှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိတို့ကို စစ်ဆေးသုံးသပ်ပြီး အကြံပြုတင်ပြနိုင်ရန်အတွက် “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို နိုင်ငံတော် သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် (၈၉/၂၀၁၆) ဖွဲ့စည်းခဲ့သည်။ “စုံစမ်းစစ်ဆေးရေးကော်မရှင်” ဖွဲ့စည့်းသည့် ဖွဲ့စည်းမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
ယနေ့(2.12.2016)စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှပလိပ်
စိတ္တရအမကကျောင်းသို့ကလေးများအတွက်စာအုပ်နှင့်စာရေး
ကိရိယာများကိုမြို့နယ်ကော်မတီဝင်ဒေါ်တင်မိုးခိုင်နှင့်စည်းမှူးများ
ရပ်မိရပ့်ဖများကသွားရောက်လှူဒါန်းခဲ့ပါသည်။
သံတွဲမြို့နယ် ညောင်ပင်သာကျေးရွှာ သုခဝတီကျောင်းတိုက်အတွင်း ယနေ့ (ဒီဇင်ဘာ ၂ ရက်) နံနက် (၅) နာရီအချိန်က ကျင်းပပြုလုပ်သော သုခါဝါသဓမ္မရိပ်သာအတွင်း စံပါယ်တော်မူသည့် ဗုဒ္ဓရုပ်ရှင်တော်မြတ်အား ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာ အရှင်မြတ်၏ သက်တော် (၄၆)နှစ် ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားသို့ သံတွဲမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးစန်းနိုင်နှင့်လူငယ်စည်တော်အဖွဲ့မှ စည်တော်တီးခပ်၍ လုပ်အားဒါန ပေးလှူခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပြည်မြို့ တိုင်းပါတီရုံးတွင်
တိုင်းအမျိုးသမီးရေးရာတာဝန်ခံ၊ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ၊(၁၄)မြို့နယ်မှ
အမျိုးသမီးရေးရာတာဝန်ခံများတက်ရောက်ပြီးအမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်လုံခြုံရေးအတွက် ဆွေးနွေုးကြပါသည်။
“အခုဆိုရင် ပါတီမှာ ဆောင်ရွက်ချက်တွေ အများကြီးရှိပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့အပေါ် သဘောထားထုတ်ပြန်ချက်တွေ၊ နိုင်ငံရေးပါတီ ၁၀ ခုနဲ့ ပူးပေါင်းပြီးတော့ အမျိုးသားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ စသဖြင့်ပေါ့ ကျွန်တော်တို့ပါတီဟာ လူ့အခွင့်အရေးထက် အမျိုးသားရေးကို တကယ်ထဲထဲဝင်ဝင် လုပ်ကိုင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ကျွန်တော်တို့ပြည်နယ်ပါတီအနေနဲ့လည်း ဒေသအကျိုး၊ ပြည်သူ့အကျိုးကို တတ်အားသရွေ့ ကူညီလုပ်ဆောင်ပေးရင်း အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ပါဝင်လုပ်ကိုင် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။