ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ် မဲဒီး ကျေးရွာရှိ ဘောလုံးအားကစား ကွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထောင်စု နယ်မြေပါတီဥက္ကဋ္ဌဖလား ဘော လုံးပြိုင်ပွဲအတွက် ဒက္ခိဏသီရိမြို့ နယ်အသင်းနှင့် ပုဗ္ဗသီရိမြို့နယ် အသင်းတို့ ယခုလ ၂ဝရက် မွန်းလွဲ ၃နာရီခွဲ၌ ဘောလုံးခြေစမ်းပွဲကစား ရာဒက္ခိဏအသင်းမှ နှစ်ဂိုး-တစ်ဂိုး ဖြင့် ဥတ္တရအသင်းအား အနိုင်ရရှိ ခဲ့သည်။ ယခုလ ၂၂ ရက်တွင် ဥတ္တရသီရိမြို့နယ်အသင်းနှင့် ဒက္ခိဏသီရိမြို့နယ်အသင်းတို့ ခြေစမ်းပွဲကစားရန် စီစဉ်ထား ကြောင်း သိရသည်။



