


ဩဂုတ် ၁၀
ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ချောင်းရေလျှံခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ဩ ဂုတ်လ ၇ ရက်နေ့က မြ၀တီ – ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉)နှင့်(၁၅၀)အကြားနေရာတွင် ကားလမ်းအောက်ခံမြေသား အကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်းအရှည် ၁၅ဝ ပေခန့် ပဲ့ကျပျက်စီးခဲ့ရာ ယာဉ်သွားလာမှုယာယီရပ်ဆိုင်းထားရပြီး အဆိုပါ လမ်းပိုင်းအမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ကရင်ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် ဦးဆောင်ပြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရပါသည်။


သြဂုတ် ၎
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထက(၉) သစ်သားကျောင်းဆောင်ကြီးတွင် ယနေ့ နံနက် (၀၀: ၁၅)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားရာ Level 4အဆင့် ရှိ မီးသတ်ယာဉ်၎စီးမီးသတ်ရေသယ်ယာဉ်၁၀စီး၊ လူမူကယ်ဆယ်ရေးရေသယ်ယာဉ်၆စီး၊ စည်ပင်ရေသယ်ယာဉ်၎စီး၊ အပြင်ရေသယ်ယာဉ်၆စီး စုစုပေါင်းယာဉ်အစီး၃၀ ရေဂါလံ ၆၀၀၀၀ကျော်ဖြင့် အချိန်ကြာမြင့်စွာ ငြိမ်းသတ်ခဲ့ရပြီး နံနက်(၅)နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါသည်။

သြဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မကျီးစုကမ်း နားတန်း)တွင် ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်က ဧရာဝတီမြစ်ကမ်းပါးပြိုကျခဲ့ကြောင်း၊ ထိုသိုပြိုကျမှုကြောင့် ဧရာဝတီမြစ်ကမ်းဘေး နေထိုင်ကြ သော အိမ်ထောင်စု ၅ စု၊ လူကြီး ၁၂ ဦး၊ ကလေး ၅ ဦးတို့သည် ၎င်းတို့၏နေအိမ်များကို ယနေ့နံနက်ပိုင်းတွင် ဖျက်ကာ ဆည်မြောင်းဦးစီးဌာနပိုင် ယာယီရှင်းလင်းဆောင်(မကျီးစုကမ်းနားဘေးဖက်၊အမှတ်(၁)ရပ်ကွက်)သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ရာအိမ်မှူးများက ပြောင်းရွှေ့ပေးထားကြောင်း သိရပါသည်။

ဇူလိုင် ၂၃
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပမှုအား ပြသ ရန်၊ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်နှင့်ကမ္ဘာကြီး အေးချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်တည်ဆောက် ထားသည့် ” မာရဝိဇယ ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်း အမှတ်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော်ရတနာ ” ရဋ္ဌနန္ဒက ” ၏ တစ်
နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အနေဖြင့်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ” နှစ်သောင်းကျပ် တန် ” ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှစ၍ ထုတ်ဝေမည် ဖြစ်ကြောင်း သိရပါသည်။

“မိုခါ”မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှတောင်သူလယ်သမားများ မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရန် မျိုးစပါး ၁၄၀၀၀ တင်းအား ဇူလိုင် ၈ ရက်က တတိယအကြိမ်အဖြစ် ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း၊မော်ကျွန်းနှင့်ဖျာပုံမြို့တို့မှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင်မျိုးစပါး ၁၄၀၀၀ တင်းအား တပ်မတော်မော်တော်ယာဉ် ၆၃ စီးဖြင့်တင်ဆောင်၍ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
နယ်မြေခံတပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မျိုးစပါးများကို ကူညီတင်ဆောင် ပေးခဲ့ကြကာ ရခိုင်ပြည်နယ်သို့ ရောက်ရှိသည့် မျိုးစပါးများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။
“မိုခါ”မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွက်လိုအပ်သည့် မျိုးစပါးများအား အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနမှ တင်ပို့ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် သဲကုန်းကျေးရွာ အဝင် အလျား ၁၅ ပေ၊ အကျယ်ပေ၂၀ခန့် သံကူကွန်ကရစ် ထန်းလေးပင် တံတားအား ယမန်နေ့ ည ၉ နာရီ နှင့် ၁၀ နာရီအချိန်ခန့်တွင် NUG လက်ဝေခံ အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့က ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရပါသည်။