ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သရက်ခုံကျေးရွာတွင်ပါတီဆိုင်းဘုတ်တင်

 

ကောလင်း ဖေဖော်ဝါရီ ၂၆

ကောလင်းမြို့နယ် သရက်ခုံ အုပ်စုသရက်ခုံကျေးရွာပြည်ခိုင်ဖြိုး ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးရင်မောင် နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁နာရီကပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။

ဆိုင်းဘုတ်တင်ပွဲသို့ကောလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ပါတီဝင်များနှင့် သတင်းမီဒီယာ များ စုစုပေါင်းအင်အား ၄ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစိစစ်ခြင်းစဉ်ဆက်မပြတ်ဆောင်ရွက်

 

ရန်ကုန် ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရွာသာကြီး ရပ်ကွက်သို့ ပါတီဝင်အင်အားစိစစ် ခြင်းကို ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီ ဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေးဦးဆောင်၍ အတွင်းရေးမှူး ဦးထွန်းလွင်၊ စီမံ ရေးရာတာဝန်ခံဦးမြင့်အောင်၊ မြို့နယ်လူငယ်အဖွဲ့ဝင်များနှင့်အတူ ရွာသာကြီးရပ်ကွက်ပါတီဥက္ကဋ္ဌဒေါ်နီ နီမြိုင်နှင့် ပါတီကော်မတီဝင်များ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းမှစတင် ကာနယ်မြေကွင်းဆင်းခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ကြသည်။

မိုင်းဖြတ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် EC လစဉ်ပုံမှန်အစည်းအဝေးပြုလုပ် ကျင်းပ

 

ယမန်နေ့ (၂၆.၂.၂၀၁၉) ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိုင်းဖြတ်ခရိုင်နှင့်မြို့နယ် လစဉ်ပုံမှန် EC များ အစည်းအဝေးကို (၁၀) နာရီအချိန်တွင် အစည်းအဝေးကို စတင်ခဲ့သည်။

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီYouth Day လှုပ်ရှားမှုအဖြစ် လူငယ်များစုပေါင်းသွေးလှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီYouth Day လှုပ်ရှားမှုအဖြစ် လူငယ်များစုပေါင်း သွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့ ၂၅ ရက် နံနက် ၉နာရီက ကျောက်ဆည်ခုတင် ၂ဝဝ အထွေ ထွေရောဂါကုဆေးရုံကြီး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သာသနဟိတဓရစာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

မင်းပြား ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက်ပိုင်းတွင် သာသနဟိတဓရ စာဖြေသံဃာတော်များအား နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးမှ သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာအုပ်စုပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်

 

ယင်းမာပင် ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ယင်းမာပင်မြို့နယ် ကန်ချောင်အုပ်စု အောင်မိုးရွာ ဦးဌေးအောင်နေအိမ်ခြံဝင်းအတွင်း ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ပါတီဆိုင်းဘုတ်ကို အမွှေး နံ့သာရည်များပက်ဖျန်းကာ ဖွင့်လှစ် ပေးခဲ့သည်။အဆိုပါအခမ်းအနားသို့ ခရိုင်ကော်မတီဝင်ဦးညွှန့်၊ ဒေါ်ခင် နှင်းမာ၊မြို့နယ်ပါတီဥက္ကဋ္ဌဦးကျော် မြင့်သိန်း၊အတွင်းရေးမှူးဦးသန်းနိုင် နှင့်ပါတီကော်မတီဝင်များရပ်ကျေး ပါတီဥက္ကဋ္ဌနှင့်ပါတီဝင်များ တက် ရောက်ခဲ့သည်။ အခမ်းအနားသို့ အင်အား ၃ဝ တက်ရောက်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၆)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝင်များထံသို့ မြို့နယ်ပါတီဥက္ကဋ္ဌ လမ်းညွှန် မှာကြားမှုနှင့်အတူ မြို့နယ်ပါတီတာဝန် ရှိသူမှ ဦးဆောင်၍ ပါတီဝင်စိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရင်း ပါတီဝင်များနှင့် ထိတွေ့ကာ ယနေ့ နိုင်ငံရေးအခြေအနေ များလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ဒေးဒရဲ ဖေဖော်ဝါရီ ၂၄

မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်ကတ်ပြား ပေးအပ်ပွဲ ကျင်းပ

 

တနင်္သာရီ ဖေဖော်ဝါရီ ၂၄

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင် ကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကို ယမန်နေ့ မွန်းလွဲပိုင်းက မြိတ် မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးနည်းပြသင်တန်းဖွင့်လှစ်ပါတီမှ တာဝန်ရှိသူများ လာရောက်ပို့ချ

 

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေး နည်းပြသင်တန်းအမှတ်စဉ် (၁) သင်တန်းကို ယမန်နေ့ နံနက်မှ ယနေ့ ၂၅ ရက် ညနေ ၄ နာရီအထိ ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း သိရ သည်။