
တရားမဝင်နည်းလမ်းနဲ့ UID နံပါတ်ရယူခြင်း Passport လျှောက်ထားခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေများအရ အရေးယူမည်
===============================
အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း၊ Passport လျှောက်ထားခြင်းများအား စစ်ဆေးတွေ့ရှိနေရတာကြောင့် အဆိုပါပြစ်မှုများမှာ ပါဝင်ပတ်သက်သူများအားလုံးကို မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေများအရ ထိရောက်စွာအရေးယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။









