ကန်ကြီးထောင့် ဧပြီ ၁၁
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် နှစ်စဉ် ကျင်းပသော လောကမှန်ကူ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဘာသန္တရတက္ကသိုလ်တော်ကြီး၏ ၆၂ နှစ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြုပွဲတော်ကြီးကို နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာသုတမဟာထေရ်ဆရာတော်ကြီး အမှူးပြု၍ ၁၃၈ဝ ပြည့်နှစ် နှောင်းတန်ခူးလဆန်း ၁ ရက်မှ ၇ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။



