နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂
၇၃ နှစ်မြှောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ တောင်ပေါ်ဒေသ တိုင်းရင်းသားများ နေပြည်တော်လေ့လာရေးခရီးစဉ် လာရောက်တဲ့ လူငယ်တွေကို ဂုဏ်ပြု ညစာစားပွဲကို ပြည်ခိုင်ဖြိုးပါတီ ဌာနချူပ်မှာရှိတဲ့ သင်တန်းခန်းမမှာ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို ပြည်ထောင်စုနယ်မြေတာဝန်ခံ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မူဆောင် ဦးဝေလွင် တက်ရောက်ခဲ့ပြီး ဂုဏ်ပြုလက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ကြပါသည်။


