
မင်းဘူး(စကု)မြို့နယ် ၊ အိုင်းမကျေးရွာအုပ်စုထဲက အိုးပြင်မဲကျေးရွာမှာ ဒီနေ့ ညနေ ၅နာရီလောက်က တောမီးက တစ်ဆင့် ကူးစက်ပြီးလူနေအိမ်ခြေ ၇၀ ဝန်းကျင်ခန့်မီးလောင်ကျွမ်းဆုံးရှုံးသွားတယ်လို့ မကွေးတိုင် မီးသတ်ဦးစီးဌာနကသိရပါတယ်။
တောမီးလောင်ကျွမ်းရာကနေအိုးပြင်မဲကျေးရွာနေဦးတင်ရွှေအသက်(၅၂)ပိုင်သက်ကယ်မိုး၊ဝါးထရံကာနွားတင်းကုတ်ပေါ်မီးပွားများကျရောက်ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့မီးသတ်ဦးစီးဌာနကသိရပါတယ်။
လောင်တဲ့နေရာက ဆည်တော်အပန်းဖြေစခန်းနဲ့ နီးတာကြောင့် ဒေသခံတွေရော ၊ အပန်းဖြေ လာကြတဲ့သူတွေပါ ထိန့်လန့်တကြား ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

