မန္တလေး KBZ Centerတွင် အခမဲ့ကျောက် ကပ်သွေးသန့်စင်ရန် လျှောက်လွှာများ စတင်ထုတ်ဝေ၊ လူနာ (၁၂၀) ဦးအထိ တိုးမြှင့်ကုသပေးသွားမည်

မန္တလေး KBZ Centerတွင် အခမဲ့ကျောက် ကပ်သွေးသန့်စင်ရန် လျှောက်လွှာများ စတင်ထုတ်ဝေ၊ လူနာ (၁၂၀) ဦးအထိ တိုးမြှင့်ကုသပေးသွားမည်
=============================
မန္တလေးမြို့ရှိ KBZ Center Mandalay တွင် ငွေကြေးခက်ခဲသည့် ကျောက်ကပ်ဝေဒနာရှင်များအတွက် အခမဲ့ကျောက် ကပ်သွေးသန့်စင်ပေးနိုင်ရန် လျှောက်လွှာများကို မေလ (၄) ရက်မှ (၆)ရက်အထိ နံနက် (၉) နာရီမှ ညနေ (၄)နာရီအတွင်း ထု တ်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တွင် အမှတ်(၅)အဆန်/အမှတ်(၆)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားတိုက်ရိုက်စတင်ပြေးဆွဲမည်

ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တွင် အမှတ်(၅)အဆန်/အမှတ်(၆)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားတိုက်ရိုက်စတင်ပြေးဆွဲမည်
====================
ဧပြီ ၂၅

နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြား ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာနမြန်မာ့ မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး-ရန်ကုန်ရထားခရီးစဉ် အဖြစ် အမှတ်(၅)အဆန်/ အမှတ်(၆)အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားအား ၂၀၂၆ ခုနှစ် မေလ ၁ ရက် မှစတင်၍ အောက်ပါအချိန်ဇယား အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။

တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ သီးနှံအမျိုးအစားအလိုက် တိုးမြှင့်ထုတ်ချေးမည်

တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ သီးနှံအမျိုးအစားအလိုက် တိုးမြှင့်ထုတ်ချေးမည်
==============================
တောင်သူတွေကို စိုက်ပျိုးစရိတ်ချေးငွေ ၁ နှစ်ကို ၅ ရာခိုင်နှုန်းနဲ့ သီးနှံအမျိုးအစားအလိုက် တိုးမြှင့် ထုတ်ချေး ပေး သွားမယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အသိပေး ကြေညာချက်ထုတ်ပြန်ထားပါတယ်။

လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်ဒေသများသို့ မြန်မာအမျိုးသားလေကြောင်း လေယာဉ်ခရီးစဉ်တိုးချဲ့ပြေးဆွဲမည်

လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်ဒေသများသို့ မြန်မာအမျိုးသားလေကြောင်း လေယာဉ်ခရီးစဉ်တိုးချဲ့ပြေးဆွဲမည်
=============================
ဧပြီ ၂၃

ခရီးသွားပြည်သူများ သွားလာရေးပိုမိုအဆင်ပြေလွယ်ကူစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာအမျိုးသားလေကြောင်း (MNA) သည် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် မြို့များသို့ လေယာဉ်ခရီးစဉ်များကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၄ ရက်မှစတင်ကာ တိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူများအတွက် ဒီဇယ်ဆီများ လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးရောင်းချ

တောင်သူများအတွက် ဒီဇယ်ဆီများ လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးရောင်းချ
======================
ဧပြီ ၂၀

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပူးပေါင်း၍ တောင်သူများ၏ စက်သုံးဆီ အခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီများကို လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ-အိန္ဒိယနယ်စပ်ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်

မြန်မာ-အိန္ဒိယနယ်စပ်ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်
=================================
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် မြန်မာ-အိန္ဒိယနယ်စပ်ဒေသ၌ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ သိရှိရသည်။

Myanmar Plaza Sepaktakraw Challenge Cup ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

Myanmar Plaza Sepaktakraw Challenge Cup ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်
=============================
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး၍ Myanmar Plaza ၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပမည့် Myanmar Plaza Sepaktakraw Challenge Cup ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နွေစပါးတောင်သူများအတွက် ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချ

နွေစပါးတောင်သူများအတွက် ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချ
==========================
ဧပြီ ၂၀

၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးလျက်ရှိသော တောင်သူများအတွက် သွင်းအားစုဓာတ်မြေဩဇာများကို အရည်အသွေးမှန်ကန်စွာ အသုံးပြုနိုင်စေရန်နှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေတံဆိပ် ၁ ခု၊ ငွေ ၂ ခုနှင့် ကြေး ၁ ခု ဆွတ်ခူးခဲ့သည့် မြန်မာပြေးခုန်ပစ်ကစားသမားများ ပြန်လည်ရောက်ရှိ

ရွှေတံဆိပ် ၁ ခု၊ ငွေ ၂ ခုနှင့် ကြေး ၁ ခု ဆွတ်ခူးခဲ့သည့် မြန်မာပြေးခုန်ပစ်ကစားသမားများ ပြန်လည်ရောက်ရှိ
========================
ရန်ကုန်၊ ဧပြီ ၁၉ — စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် 86th Singapore Open Track & Field Championships 2026 ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံပြေးခုန်ပစ်ကစားသမားများသည် ဆုတံဆိပ်စုစုပေါင်း ၄ ခု ဆွတ်ခူးပြီးနောက် ယမန်နေ့ည ၁၀ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

ပြည်တွင်းထုတ်ဒီဇယ်ဆီကို တောင်သူများထံ တိုက်ရိုက်ရောင်းချ

ပြည်တွင်းထုတ်ဒီဇယ်ဆီကို တောင်သူများထံ တိုက်ရိုက်ရောင်းချ
======================
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီကို တောင်သူများထံ အထူးသက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းအစီအစဉ်အရ ပွင့်ဖြူမြို့နယ်နှင့် နတ်မောက်မြို့နယ်တို့တွင် နွေစပါးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်သုံးဆီကို လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးပေးလျက်ရှိသည်။