
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီအား ခေါ်ယူပြီးနောက် အသင်း၏ Instagram တွင် ၂၄ နာရီအတွင်း Follower ၄.၅ သန်းကျော် မြင့်တက်ခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းသည် MLS၊ NHL၊ NFL၊ MLB ကလပ်များထဲတွင် Follower အများဆုံး ဖြစ်လာခဲ့ပါတယ်။
Photo : B/R

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီအား ခေါ်ယူပြီးနောက် အသင်း၏ Instagram တွင် ၂၄ နာရီအတွင်း Follower ၄.၅ သန်းကျော် မြင့်တက်ခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းသည် MLS၊ NHL၊ NFL၊ MLB ကလပ်များထဲတွင် Follower အများဆုံး ဖြစ်လာခဲ့ပါတယ်။
Photo : B/R

မြန်မာ့ကြက်တောင်အားကစားမယ်သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပနေသော “LI-NING Maldives International Challenge 2023” ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ဖြင့်သာကျေနပ်လိုက်ရကြောင်း သိရသည်။
ကမ္ဘာ့အဆင့် (၅၇) ရှိ သက်ထားသူဇာသည် ယမန်နေ့ကယှဉ်ပြိုင်ကစားသည့် အမျိုးသမီးတစ်ဦးချင်းပွဲစဉ်၏ ကွာတားဖိုင်နယ်အဆင့်တွင် ကမ္ဘာ့အဆင့် (၄၆) ရှိအိန္ဒိယကြက်တောင်မယ် Ashmita CHALIHA နှင့် ယှဉ်ပြိုင်ရာ၂၁ မှတ် ၁၁၊ ၂၁ မှတ် ၁၆ မှတ်ဖြင့် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့သည့်အတွက် ကွာတားဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်လိုက်ရခြင်းဖြစ်သည်။
သက်ထားသူဇာသည် လာမည့် ဇွန်လ ၂၀ ရက်မှ ၂၅ ရက်အထိ YONEX TAIPEI OPEN 2023 တွင် ၀င်ရောက် ယှဉ်ပြိုင်ဦးမည်ဖြစ်သည်။

ယမန်နေ့က ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပိန်ကလပ်ဆီဗီလာက အီတလီက ရိုးမားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
နည်းပြမော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ပွဲချိန်ပထမပိုင်းကတည်းက ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ဂိုးကြောင့် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။
အချိန်ပိုမှာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ဆီဗီလာက ၄ ဂိုး တစ်ဂိုးနဲ့အနိုင်ရခဲ့တာပါ။
ဒါဟာ ဆီဗီလာအတွက် ၇ ကြိမ်မြောက်အဖြစ် စံချိန်တင်ဆွတ်ခူးနိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဖလားပဲဖြစ်ပါတယ်။
ရိုးမားနည်းပြမော်ရင်ဟိုကတော့ ၎င်းရရှိတဲ့ ဒုတိယဆုတံဆိပ်ကို ပရိသတ်ထဲက ကလေးငယ်တစ်ဦးထံ ပစ်ပေးခဲ့တယ်လို့ သိရပါတယ်။

ချန်ပီယံ – မန်ချက်စတာစီးတီး
ချန်ပီယံလိဂ်ဝင်ခွင့် – မန်စီးတီး ၊ အာဆင်နယ်၊ မန်ယူ၊ နယူးကာဆယ်
ယူရိုပါလိဂ်ဝင်ခွင့် – လီဗာပူးလ် ၊ ဘရိုက်တန်
ယူရိုပါကွန်းဖရန့်လိဂ်ဝင်ခွင့် – အက်စတွန်ဗီလာ
တန်းဆင်း – လက်စတာ ၊ လိဒ်စ်၊ ဆောက်သမ်တန်
တန်းတက် – ဘန်လေ၊ ရှက်ဖီးလ်၊ လူတန်တောင်
သွင်းဂိုးအများဆုံး ကစားသမား- ဟာလန်း (36) ဂိုး
ရွှေလက်အိတ်ဆု – ဒီဂီယာ
ဂိုးဖန်တီးမှုအများဆုံး – ဒီဘရိုင်း (16) ကြိမ်

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး ၇ နှစ်အကြာမှာ ချန်ပီယံရှစ်ဆီကို တန်းဆင်းသွားခဲ့ရပါတယ်။
မနေ့ညက ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ လက်စတာအသင်းက ဝက်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ တဖက်ပွဲစဉ်မှာ အဲဗာတန်အသင်းက ဘုန်းမောက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ လက်စတာအသင်း တန်းဆင်းသွားခဲ့ရတာပါ။
၂၀၁၅-၂၀၁၆ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာအသင်းဟာ နောက်တစ်နှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကွာတားဖိုင်နယ်အထိ တက်လှမ်းခဲ့ဖူးပါတယ်။
အင်္ဂလန်မီဒီယာတချို့ကတော့ လက်စတာအသင်းတန်းဆင်းသွားခဲ့ရတဲ့အပေါ် ချန်ပီယံလိဂ်ကနေ ချန်ပီယံရှစ်သို့ ဆိုပြီး ရေးသားခဲ့ကြပါတယ်။
လက်စတာအသင်းနဲ့အတူ လိဒ်ယူနိုက်တက်နဲ့ ဆောက်သမ်တန်အသင်းတို့လည်း တန်းဆင်းသွားခဲ့ရပါတယ်။ ဘန်လေ၊ ရှက်ဖီးယူနိုက်တက်နဲ့ လူတန်တောင်းအသင်းတွေကတော့ ချန်ပီယံရှစ်ကနေ တန်းတက်ခွင့် ရရှိခဲ့ကြပါတယ်။

လာမယ့်ဇွန်လမှာ ကစားမယ့် ၂၀၂၄ ယူရိုခြေစစ်ပွဲ ပွဲစဉ်နှစ်ပွဲအတွက် လူစာရင်းကို အင်္ဂလန် လက်ရွေးစင် အသင်းနည်းပြဆောက်ဂိတ်က ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ဇွန်လမှာ မော်လ်တာ၊ မြောက်မက်ဆီဒိုးနီးယားတို့နဲ့ ယူရိုခြေစစ်ပွဲကစားရတော့မှာဖြစ်ပါတယ်။
-Ref: Sky sports