

၂၀၂၄ ခုနှစ်မှာ စာချုပ်ကုန်ဆုံးမယ့် အမ်ဘာပေဟာအသင်းနဲ့ ဆက်ဆံရေးပြန်လည်အဆင်ပြေခဲ့ပြီဖြစ်လို့ PSG က အမ်ဘာပေကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးဖို့ လုပ်ဆောင်နေပါတယ်။
အမ်ဘာပေဟာ အသင်းနဲ့ အဆင်မပြေဖြစ်ခဲ့လို့ လေ့ကျင့်ခန်းဆင်းခွင့်မရခဲ့ပေမဲ့ အသင်းဥက္ကဋ္ဌ အယ်ခါလိုင်ဖီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းခွင့်ရခဲ့ပါတယ်။
အမ်ဘာပေကို ဆော်ဒီကလပ်အယ်လ်ဟီလယ်အသင်းက ပေါင် ၂၅၈ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပင်မယ့် ပြီး ပီအက်စ်ဂျီဘက်က အကြမ်းဖျင်းလက်ခံခဲ့သော်လည်း ဘာပေက မပြောင်းချင်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။












